Tag: စစ်ဘေးရှောင်
တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာ
တနင်္သာရီမြို့နယ် စစ်ဘေးရှောင်ပြည်သူများ ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ နေရပ်သို့ ပြန်လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။
တကူ၊ သရဘွင်၊ သိန္ဒောစသည့် ကျေးရွာအုပ်စုတို့မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ ပြန်လာကြကြောင်း ဒေသခံများက ပြောသည်။
ဝေါလေတိုက်ပွဲကြောင့် ထိုင်းသို့စစ်ဘေးရှောင်နေသည့် မြန်မာဒုက္ခသည် ၁၁၈ ဦးကို နေရပ်ပြန်ပို့
မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ၊တာခ့်ခရိုင် ဖို့ဖရာ့ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည် ၁၁၈ ဦးကို ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ကရင်ပြည်နယ် မြဝတီမြိုနယ် ဝေါလေဒေသအတွင်း ဇွန်လကုန်ပိုင်းက...
မိုးရာသီအတွင်း တနင်္သာရီတိုင်းက စစ်ဘေးရှောင်တစ်သောင်းကျော် စားဝတ်နေရေးအခက်ကြုံ
တနင်္သာရီတိုင်းတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသော စစ်ဘေးရှောင်တစ်သောင်းကျော်သည် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် နေရေး၊ စားသောက်ရေးနှင့် ဆေးဝါးများ အခက်ခဲကြုံတွေ့ နေရကြောင်း စစ်ဘေးရှောင်များအရေးဆောင်ရွက်သူများထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲပြင်းထန်မှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့အထိ...
တောင်ပျောက်တိုက်နယ်တွင် စစ်ဘေးရှောင်တစ်ထောင်ခန့်ထပ်တိုး၊ ရိက္ခာအရေးပေါ်လိုအပ်
သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် စစ်ဘေးရှောင်တစ်ထောင်ခန့် ထပ်တိုးလာပြီး စားနပ်ရိက္ခာများအရေးပေါ် လိုအပ်လာကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ယနေ့ (ဇူလိုင် ၅) ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုက်နယ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး...
တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်
သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်လာရကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်း ၃ ကြောင်းသည်...
လေးရက်ဆက် တိုက်ပွဲများကြောင့် ပုလောဒေသခံထောင်ချီ စစ်ဘေးရှောင်
ပုလောမြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ လေးရက်ဆက်တိုက် ဖြစ်ပွါးနေသည့် တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင် ထွက်ပြေးနေကြရကြောင်း ၎င်းတို့ထံမှသိရသည်။
မြိတ်ခရိုင်၊ပုလောမြို့နယ်၊ အရှေ့ခြမ်းကျေးရွာများဖြင့်သည့် နန်းတောင်၊မှော်မိ၊ ဂျက်ဂါ၊ကျောင်းနိမ့်၊ပိန္နဲတောင် စသည့်ကျေးရွာများတွင်...
သရက်ချောင်းတွင် တစ်ရက်တည်း အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်၊ ဒေသခံများ စစ်ဘေးရှောင်
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်ရက်တည်း အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
သရက်ချောင်မြို့နယ်ရှိ လောင်းမင်းဖရွာ၊ အင်းပြားနှင့် စော်ဖျားရွာကြား၊ မိုးရွှေကုန်းရွာနှင့် ကင်းရှေ့ရွာကြား တို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက်ဘေးကြောင့် လယ်စွန့်ကြသူများ
လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသူ အများအပြားရှိသည့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် တိုက်ပွဲများကြောင့် လယ်ကိုစွန့်ပြီး အသက်လုပြေးနေရသည့် လယ်သမားအများအပြားရှိနေသည်။
တနင်္သာရီတိုင်း မြိတ်ခရိုင်တွင်လည်း ခပ်စိပ်စိပ်ဖြစ်လာသည့် တိုက်ပွဲများကြောင့် အသက်ဘေးအတွက် လယ်မြေကို လှည့်မကြည့်နိုင်တော့သော လယ်သမားများ ပိုမိုများပြားလာနေသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သထုံဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်
မွန်ပြည်နယ်၊ သထုံမြို့နယ် KNU (ကရင်အမျိုးသားအစည်းအရုံး)နယ်မြေအတွင်း လက်နက်ကြီးကျည်များ ကျရောက်နေခြင်းကြောင့် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်သူများကဆိုသည်။
သထုံမြို့နယ်အတွင်း KNU တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲတို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး ဇွန်လ ၁ ရက်နေ့မှစကာ ဝီယော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ...
လယ်သစ်ရွာကို လက်နက်ကြီးများနှင့်ပစ်နေ၍ ဒေသခံများတိမ်းရှောင်
တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာ အရှေ့ကမ်းဖက်သို့ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်နေ၍ ရွာသူ၊ရွာသားများဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများ ထံမှသိရသည်။
လယ်သစ်ကျေးရွာ အနောက်ဘက်ကမ်းသို့ ဇွန်လ ၄ ရက်နေ့ညနေက စတင်ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ယနေ့မွန်းလွဲ ၂...