စပါးပျိုးသွားပို့သော လှေနစ်မြုပ်၊ အမျိုးသမီးတစ်ဦးသေပြီး တစ်ဦးပျောက်ဆုံး
လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာတွင် ယမန်နေ့(ဇွန် ၁၀)နံနက် ကိုးနာရီ ကျော်ဝန်းကျင်ခန့်က စပါးပျိုးနှင့် ဓာတ်မြေဩဇာ တင်ဆောင်လာသော စက်လှေနစ်မြုပ်သဖြင့် လှေပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။
သကျက်တောအော်ပြင်တွင်ရှိသော လယ်ထဲသို့ စပါးပျိုးနှင့် ဓာတ်မြေဩဇာသွားရောက်...
ဟင်းချိုတောရွာတွင် ဒလန်ဆိုသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ
လောင်းလုံးမြို့နယ်၊ သဗြေရှောင်ကျေးရွာအုပ်စု၊ ဟင်းချိုတောရွာတွင် ဇွန်လ ၇ ရက် နေ့လယ်ပိုင်းက ဒလန်ဟု နာမည်ထွက်သူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်ခတ်ခံရသူမှာ အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ယင်းကျေးရွာသူ ဒေါ်မိစန်းယုဆိုသူဖြစ်ပြီး...
ထားဝယ်မြို့က နေအိမ်တစ်လုံးတွင် ပါဆယ်ဗုံးပေါက်၊ လေးနှစ်ကလေးနှင့် မိခင်ဖြစ်သူ ဗုံးစထိမှန်
ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ဇွန်လ ၁ ရက် နံနက် ၉ နာရီဝန်းကျင်က ပါဆယ်ဗုံးပေါက်ကွဲသဖြင့် သားအမိနှစ်ဦး ဗုံးစထိမှန်ကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။
ပါဆယ်ဗုံးပေါက်သည့်နေအိမ်မှာ ဦးနော်မိုး၊ ဒေါ်တင်လှိုင်တို့၏ နေအိမ်တွင်ဖြစ်ပြီး ဒေါ်တင်လှိုင်နှင့်...
တနင်္သာရီတိုင်းက အမျိုးသမီး အားကစားသမားနှစ်ဦး ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိ
ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းသူနှစ်ဦးက ဂျူဒိုနှင့် လက်ဝှေ့အားကစားနည်းတို့တွင် ဒုတိယဆုနှင့် တတိယဆုများ အသီးသီး ရရှိခဲ့ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။
၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို...
ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ကျောင်းသူဟောင်းနှစ်ဦးကို ထောင်ငါးနှစ် ထပ်ချ
ထောင်ဒဏ် ၂နှစ် ချမှတ်ခံထားရသည့် ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ကျောင်းသူဟောင်း နှစ်ဦးတို့ကို ထောင်ဒဏ်ငါးနှစ် ထပ်မံချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်သည်။
ကိုစိုးပြည့်အောင်၊ မစိုးမီမီကျော်နှင့် မသျှားပြည့်ခင်တို့ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး...
ကလိန်အောင်မြို့က ဆယ်ကျော်သက်အမျိုးသမီးတစ်ဦး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
ကလိန်အောင်မြို့၊ အမှတ် (၁) ရက်ကွက်တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူကို ထားဝယ်ခရိုင်တရားရုံးက မတ်လ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။
လောင်းလုံးတွင် CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး အဖမ်းခံရ
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲရှေ့ပိုင်းရွာတွင် နေထိုင်သည့် CDM သားဖွားဆရာမတစ်ဦး အဖမ်းခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အဖမ်းခံရသူမှာ အသက် ၂၇ နှစ်ဝန်းကျင်အရွယ် မအိမို့မို့မြတ်ဆိုသူဖြစ်ပြီး မတ်လ ၂၁ ရက် ညနေ...
ထားဝယ်မြို့ စားသောက်ဆိုင်တစ်ခုတွင် အဖမ်းခံရသည့် လူငယ် ၉ ဦး ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချခံရ
တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် အဖမ်းခံရသည့် လူငယ် ၉ ဦးကို ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချလိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်လိုက်သည်။
လူငယ် ၉ ဦးတွင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများပါဝင်ပြီး...
ကျွန်းစုတွင် ခင်ပွန်းက ဓါးဖြင့်ခုတ်သဖြင့် ဇနီးသေဆုံး၊ သမီးဖြစ်သူလည်း ဒဏ်ရာရ
ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာတွင် ခင်ပွန်းသည်က ဓါးဖြင့်ခုတ်သဖြင့် ဇနီးသည် သေဆုံးပြီး ဇနီးသည်ဘက်က ပါသည့် အသက် ၁၄နှစ်အရွယ် သမီးဖြစ်သူမှာလည်း ဒဏ်ရာ အပြင်းအထန်ရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။
မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု...
မြိတ်တွင် ဖမ်းဆီးခံရသည့် အမျိုးသမီးငယ်နှစ်ဦးအနက် တစ်ဦးပြန်လွတ်
မြိတ်မြို့တွင် ဇန်နဝါရီလ ၈ရက်ညက ဖမ်းဆီးခံရသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် နှစ်ဦးအနက် တစ်ဦးပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
မြိတ်မြို့ ပါရမီရပ်ကွက်တွင် နေထိုင်သူ မသဲပွင့်ဖြူနှင့် မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ...