ကျောင်းသားအားကစားပွဲ တနင်္သာရီ တိုင်းက ရွှေအများဆုံးဖြင့် ထိပ်ပြေး

တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆယ့်လေးခုဖြင့် ပထမဆု သိမ်းပိုက်ထားကြောင်း ကျောင်းသားအားကစား အဖွဲ့ခေါင်းဆောင် ဦးဝင်းနောင်က ပြောကြားသည်။ တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတော် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ကစားသမား ၂၈ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ...

မြန်မာ့လက်ဝှေ့ ချန်ပီယံဟောင်းရွှေဓူဝံ ကားမှောက်ပြီးကွယ်လွန်

မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံဟောင်း ရွှေဓူဝံသည် ယနေ့မနက်ပိုင်းက အမြန်လမ်းတွင် ဖြစ်ပွားခဲ့သော ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။ ရန်ကုန် - မန္တလေး အမြန်လမ်းတွင် မောင်းနှင်လာခဲ့သော ဒို့ညီနောင် အမြန်ယာဉ်သည် ယနေ့နံနက် ၅ နာရီခွဲခန့်အချိန်တွင်...

တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတော်တွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆု အများဆုံးရ

တိုင်းနှင့်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆုအများဆုံးဖြင့် ဗိုလ်စွဲ ခဲ့ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ရွှေ ၁၄ ခု၊ ငွေ ၂ ခု၊ ကြေး...

ကျောင်းသားအားကစားပွဲတော် ပြန်ကျင်းပမည်

တနင်္သာရီတိုင်းတွင် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးအားကစားတာဝန်ခံ ဒေါ်မေစန္ဒာလွင်က ပြောသည်။ တနင်္သာရီတိုင်းတွင် ၁၉၉၆ ခုနှစ်က ကျင်းပခဲ့သည့် ကျောင်းသာအားကစား ပွဲတော်အတိုင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် စသည့်...

ထားဝယ်တွင် ဖူဆယ်ကွင်း ငါးကွင်းအထိရှိလာ

ထားဝယ်မြို့တွင် ပုဂ္ဂလိကပိုင် ဖူဆယ်ကွင်း လေးကွင်းနှင့် တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနပိုင် ဖူဆယ်ကွင်း တစ်ကွင်း စုစုပေါင်း ငါးကွင်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ကွင်းငှားခ တစ်နာရီ ကျပ် ၁၃၀၀၀ မှ...

အားကစားပြိုင်ပွဲနှင့် နွေရာသီ အားကစားသင်တန်း အားလုံးရပ်နား

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် တနင်္သာရီတိုင်းရှိ အားကစားပြိုင်ပွဲ အားလုံးကို ယာယီရပ်နားထားကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။ မတ်လ ၉ ရက်ကတည်းက မြို့နယ် အသီးသီးတွင် လုပ်ဆောင်နေသော အခြေခံကျောင်းသားများကို သင်ကြား...

တိုင်းနှင့်ပြည်နယ်ဘော်လီဘော ပြိုင်ပွဲ တောင်ကြီးတွင် သွားပြိုင်ရမည်

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဝင်မည့် တနင်္သာရီတိုင်းအသင်းသည် တောင်ကြီးမြို့တွင် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာပညာ ဦးစီးဌာနထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို တိုင်း နှင့်ပြည်နယ်များတွင် အလှည့်ကျကျင်းပရန်စီစဉ်ထား သောကြောင့် ယခုနှစ် ဘော်လီဘောပြိုင်ပွဲကို တောင်ကြီးမြို့တွင် ကျင်းပခြင်းဖြစ်ကြောင်း...

နွေရာသီ အားကစားသင်တန်း တက်သူတိုင်း အားကစားဝတ်စုံ အခမဲ့ ရမည်

ယခုနှစ် နွေရာသီ ကျောင်းပိတ် ကာလတွင် ပြုလုပ်မည့် အားကစားသင် တန်းများသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူတိုင်း အားကစားဝတ်စုံတစ်စုံစီ အခမဲ့ ထုတ်ပေးမည်ဖြစ်ကြောင်း တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယမန်နှစ်ကမူ...

ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှု အတက်ကြွဆုံးဆု တစ်နိုင်ငံလုံးတွင် မြိတ်ခရိုင် ပထမရ

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အစီအစဉ် တွင် တက်ကြွဆုံးဆုကို မြန်မာတစ်နိုင်ငံ လုံးတွင် မြိတ်ခရိုင်က ပထမရရှိခဲ့ကြောင်း မြိတ်ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ နှစ်စဉ်ချီးမြှင့်နေသည့် ယင်းအား ကစားဆုကို မတ်လ ၁၃ ရက်က နေပြည် ...

တိုင်းလက်ရွေးစင်ဘောလုံးအသင်းများ စခန်းသွင်းချိန် ယခင်ထက် အချိန်တစ်လပိုယူမည်

တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်း လက်ရွေးစင် ဘောလုံးအသင်းများအား ယခင်ကထက် အချိန်တစ်လပိုယူကာ လေ့ကျင့်စေမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယခင်က တိုင်းအဆင့်ဘောလုံး အသင်းများ၏ စခန်းသွင်း လေ့ကျင့်ချိန်ကို တစ်လခန့်သာ အချိန်ယူလေ့ရှိပြီး ယခုနှစ်...