အားကစားပြိုင်ပွဲနှင့် နွေရာသီ အားကစားသင်တန်း အားလုံးရပ်နား

0
3936

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် တနင်္သာရီတိုင်းရှိ အားကစားပြိုင်ပွဲ အားလုံးကို ယာယီရပ်နားထားကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။


မတ်လ ၉ ရက်ကတည်းက မြို့နယ် အသီးသီးတွင် လုပ်ဆောင်နေသော အခြေခံကျောင်းသားများကို သင်ကြား ပေးသည့် နွေရာသီ အခြေခံအားကစား သင်တန်းအားလုံးနှင့် မတ်လ ၁၃ ရက်တွင် ကျင်းပမည့် အလွတ်တန်းဘောလုံးပြိုင်ပွဲ တို့ကိုလည်း ရပ်နားလိုက်ပြီ ဖြစ်သည်။


အလွတ်တန်း ဘောလုံးပြိုင်ပွဲဝင်ရန် အတွက် အချို့မြို့နယ်များမှ အားကစား သမားများမှာ မတ်လ ၁၃ ရက်တွင် ထားဝယ်မြို့ကိုပင် ရောက်ရှိနေပြီး ဖြစ်သည်။


ယင်းအပြင် မတ်လ ၂၈ ရက် တွင်ပြုလုပ်မည့် သုံးခရိုင်စစ်တုရင်ပြိုင် ပွဲနှင့် ဧပြီလ ၄ ရက်တွင်ပြုလုပ်မည့် ဘော်လီဘော ပြိုင်ပွဲတို့ကိုလည်း လို အပ်ပါက ရက်ရွှေ့ကျင်းပမည် ဖြစ် ကြောင်း အထက်ပါဌာန ညွှန်ကြား ရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။


မြို့နယ်များ အစီအစဉ်ဖြင့် ကျင်းပ မည့် အားကစားပြိုင်ပွဲများလည်း ရပ်နား ထားရန် ညွှန်ကြားမည် ဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

ကျော်သူစိုး