ထားဝယ်တွင် ဖူဆယ်ကွင်း ငါးကွင်းအထိရှိလာ

0
1405

ထားဝယ်မြို့တွင် ပုဂ္ဂလိကပိုင် ဖူဆယ်ကွင်း လေးကွင်းနှင့် တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနပိုင် ဖူဆယ်ကွင်း တစ်ကွင်း စုစုပေါင်း ငါးကွင်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ကွင်းငှားခ တစ်နာရီ ကျပ် ၁၃၀၀၀ မှ ၁၅၀၀၀ အကြား ပေးရသည့် ပုဂ္ဂလိက ဖူဆယ်ကွင်းများမှာ ထားဝယ်မြို့ ဝဲကျွန်း ထိန်သစ်ရပ်ကွက်တွင် တစ်ကွင်း၊ ဗျောတော၀ရပ်ကွက်တွင် နှစ်ကွင်းရှိပြီး ပေါက်တိုင်းတံတားအနီးရှိ တစ်ကွင်းမှာ ဆောက်လုပ်ဆဲ ဖြစ်သည်။

ဖိုးသီးချို ကလေးအားကစားကွင်း အနီးရှိ အားကစားဌာနပိုင် ဖူဆယ်ကွင်း ကိုမူ ညနေ ၃ နာရီမှ ၆ နာရီအထိကို အများပြည်သူ အခမဲ့ ကစားခွင့်ပြုထားပြီး အသင်းအဖွဲ့များအနေဖြင့် ပြိုင်ပွဲကျင်းပ မည်ဆိုပါက အားကစားဌာနထံ ခွင့်ပြု ချက်တောင်းခံကာ အခမဲ့ ကစားခွင့်ပြု ထားသည်။

လက်ရှိတွင် ဖူးဆယ်ကွင်းများကို တစ်နေ့လျှင် ပျမ်းမျှ နှစ်ပွဲနှုန်းခန့် ငှားရမ်း နေရကြောင်း ပုဂ္ဂလိကဖူဆယ်ကွင်း ပိုင်ရှင်တို့က ပြောသည်။

ကျော်သူစိုး