နွေရာသီ အားကစားသင်တန်း တက်သူတိုင်း အားကစားဝတ်စုံ အခမဲ့ ရမည်

0
635

ယခုနှစ် နွေရာသီ ကျောင်းပိတ် ကာလတွင် ပြုလုပ်မည့် အားကစားသင် တန်းများသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူတိုင်း အားကစားဝတ်စုံတစ်စုံစီ အခမဲ့ ထုတ်ပေးမည်ဖြစ်ကြောင်း တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ယမန်နှစ်ကမူ ရန်ပုံငွေ အခြေအနေအရ တိုင်းအတွင်း အားကစားသင်တန်း တက်သူများအနက် ထားဝယ်မြို့နယ်တွင် အားကစားသင်တန်းတက်သူများကိုသာ အားကစားဝတ်စုံ ထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြား ရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“မြို့နယ်အားလုံး တန်းတူဖြစ်သွား အောင်ဆိုပြီး တစ်ယောက်တစ်စုံစီ သင်တန်းသား အားလုံးကို ထုတ်ပေးမယ်”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

နွေရာသီအားကစားသင်တန်းကို မတ် ၁၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်တစ်မြို့ နယ်လျှင် အားကစားနည်းငါးမျိုး၊ ခရိုင်တစ်ခုလျှင် အားကစားနည်း ၇ မျိုး၊ တိုင်းတွင် အားကစားနည်း ၁၄ မျိုး ထည့်သွင်း သင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာမြို့နယ် အားကစားဌာနမှ ယင်းအားကစား သင်တန်း တက်ရောက်မည့်သူများကို အခြေခံကျောင်းများတွင် လိုက်လံဟောပြော ခေါ်ယူကာ လူတွေ့စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

ယင်းနွေရာသီအားကစားသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော စသည့် အားကစားနည်းတို့ကို အခြေခံအဆင့် သင်ကြားပေးသည်။

ကျော်သူစိုး