တံဆိပ်တုံးပျက်စီး

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းရွာ မဲရုံအမှတ်(၂)တွင် တံဆိပ်တုံးပျက်စီး

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းရွာ မဲရုံအမှတ်(၂)တွင် ဆန္ဒမဲပေး ရာတွင်အသုံးပြုသော တံဆိပ်တုံးပျက်စီးကာ အမှန်ခြစ်အမှတ်အသားနှင့် UEC အမှတ်အသားများမပေါ်တော့ကြောင်း တွေ့ရှိရသည်။ ယင်းမဲရုံတွင် မဲပေးခွင့်ရှိ သူစုစုပေါင်းဂတော့ ၈၈၃ ဦးရှိပြီး ၇၀၅ ဦးမှာ မဲပေးပြီးသွားပြီဖြစ်သည်။
ဒေါက်တာညိုညိုသင်း

သုံးပုံနှစ်ပုံဝန်းကျင် အခြေအနေကောင်းဟု ဒေါက်တာညိုညိုသင်းပြော

ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိရန်သုံးပုံနှစ်ပုံဝန်းကျင်(၆၅ ရာခိုင်နှုန်းဝန်းကျင်) အခြေအနေရှိနေကြောင်း ဒေါက်တာညိုညိုသင်းက ပြောဆိုလိုက်သည်။ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲပေးနေမှုများ မပြီးသေးခင် နေ့ခင်းပိုင်းတွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မဲရုံအသီးသီး၌ မဲလာပေးကြသူများ

တနင်္သာရီတိုင်းအတွင်းက ရွေးကောက်ပွဲ နံနက်ပိုင်း အနှစ်ချုပ်

ပြီးခဲ့သည့်ရက်ပိုင်းက ထားဝယ်မြို့၊ နေရာအချို့တွင် ဗုံးလန့်မှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပသည့် ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် မဲရုံအသီးသီး၌ မဲလာပေးကြသူများမှာ ပုံမှန်အတိုင်းရှိခဲ့သည်ကို တွေ့ရသည်။ မဲရုံအချို့တွင် မဲရုံစတင်ဖွင့်ချိန်ဖြစ်သည့် နံနက် ၆ နာနီမတိုင်မီကတည်းက...
ပုံကျွန်းရပ်ကွက်ရှိ မဲရုံ

အသက်မပြည့်သေးသူနှစ်ဦးက တခြားသူအစား ကိုယ်စားမဲပေး

ထားဝယ်မြို့အတွင်းရှိ ရပ်ကွက်နှစ်ခုတွင် ကိုယ်စားမဲလာပေးသူနှစ်ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။ ဒေါင်းငူရပ်ကွက်နှင့် ပုံကျွန်းရပ်ကွက်ရှိ မဲရုံတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးနေစဉ် မဲရုံတာဝန်ရှိသူများက သိရှိခဲ့ခြင်းဖြစ်သည်။ “အမှုဖွင့်လိုက်ပြီ...
မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမားများ

မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမား ၄၀ နီးပါး မဲပေးခွင့်မရ

“မဲမပေးရတာကို စိတ်မကောင်း ဖြစ်တာ တစ်ခုပဲ။ ထည့်ခွင့်ရရင် အဘတို့လည်း ထည့်ချင်တာပေါ့” ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မြိတ်မြို့ငါးလေလံဝင်းအတွင်းရှိ ဝန်ထမ်းများနှင့် ငါးဖမ်းပိုက်ဖာသည့် အလုပ်သမားများ ၄၀ ဝန်းကျင်မှာ...
ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံ

သူစိမ်းနှစ်ဦးမဲရုံရှေ့လာကြည့်သဖြင့် စစ်ဆေး‌ရာ တပ်မတော်သားများဖြစ်နေ

ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံသို့ ယနေ့နံနက်ပိုင်းက အမည်မသိလူစိမ်းနှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာသဖြင့် စစ်ဆေးကြည့်ရာ တပ်မတော်သားများဖြစ်နေကြာင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။ အရပ်ဝတ်ဖြင့်ရောက်လာသော ၎င်းနှစ်ဦးအား မှတ်ပုံတင်၊ နေရပ်လိပ်စာတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဆေးခဲ့ရာ အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ကိုလတ်က...
NLD ကိုယ်စားလှယ်​လောင်းအား မဲမ​ပေး​ရန် ​စာကပ်ထားသည်များ

NLD ကိုယ်စားလှယ်လောင်းအား မဲမပေးရန် စာကပ်ထားသည်များ တွေ့ရှိ၊ ရဲတပ်ဖွဲ့က ဖယ်ရှား

ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်တွင် NLD ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းအား မဲမပေးရေး လှုံ့ဆော်ပိုစတာများကို ယနေ့နံနက်အစောပိုင်းက ကပ်ထားခဲ့သည်ကို တွေ့ရသည်။ အဆိုပါရပ်ကွက်အတွင်း အနည်းဆုံးနေရာ သုံးခုတွင် ကပ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က သိမ်းဆည်းသွားကြောင်း ပိန္နဲတောရပ်ကွက်အုပ်ချုပ်ရေးမှူး...
မဲ​ပေးရန် မနက် ၅ နာရီကတည်းက ​စောင့်

မဲပေးရန် မနက် ၅ နာရီကတည်းက စောင့်

မော်လမြိုင်၊ မုပွန်ရပ်ကွက် မဲရုံအမှတ် ၂ တွင် မဲရုံမဖွင့်မီ နံနက် ၅ နာရီ ဝန်းကျင်ကတည်းက စောင့်ဆိုင်းတန်းစီနေခဲ့ကြသည်ကို တွေ့ရသည်။ ယခုမဲရုံတွင် ရေတပ်၊ တပ်ငွေစာရင်း၊ ရဲ စသည့် မဲဆန္ဒရှင်များ အပါအဝင်...

ရွေးကောက်ပွဲနေ့ ပြဿနာများ ဖြေရှင်းခြင်း

⦿ ရွေးကောက်ပွဲနေ့မှာ ပြဿနာတွေ ပေါ်ပေါက်တတ်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုတာကို အောက်မှာ ဖော်ပြပါ့မယ်။ ▪ မဲရုံမှာ မဲဆွယ်တာ၊▪ မမှန်မကန် မဲပေးတာ၊▪ လျှို့ဝှက်မဲပေးတာကို ထိခိုက်တာ၊▪ မမှန်မကန်မဲရေတွက်တာ၊▪ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာတွေ၊▪ မဲရုံအတွင်း ဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲလေ့လာသူတွေ ဒါမှမဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်တွေ မတရားသဖြင့် ဝင်ခွင့်မပေးတာ၊▪ ထိခိုက်လွယ်တဲ့အရာတွေကို...
တပ်မတော်ချစ်သူများအဖွဲ့

လော့ဒေါင်းချခံထားရသည့် မိသားစုများအား ထမင်းဟင်း လာရောက်လှူဒါန်းပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်

မြိတ်မြို့ရှိ လော့ဒေါင်းချထားသည့် မိသားစုများသို့ တပ်မတော်ချစ်သူများ ဆိုသည့်အဖွဲ့မှ ထမင်းဟင်းများလာလှူပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ရကြောင်း ရပ်ကွက်နေသူများနှင့် ရာအိမ်မှူးထံမှ သိရသည်။ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စုရှိ ချမ်းမြေ့သာယာရပ်ကွက်နှင့် အင်းလေးမြိုင်(၃)ရပ်ကွက်ရှိ လော့ဒေါင်းချထားခြင်း...