ကျွန်းစုမြို့နယ်၊ ထိန်ချောင်းရွာ မဲရုံအမှတ်(၂)တွင် တံဆိပ်တုံးပျက်စီး

0
243
တံဆိပ်တုံးပျက်စီး

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းရွာ မဲရုံအမှတ်(၂)တွင် ဆန္ဒမဲပေး ရာတွင်အသုံးပြုသော တံဆိပ်တုံးပျက်စီးကာ အမှန်ခြစ်အမှတ်အသားနှင့် UEC အမှတ်အသားများမပေါ်တော့ကြောင်း တွေ့ရှိရသည်။

ယင်းမဲရုံတွင် မဲပေးခွင့်ရှိ သူစုစုပေါင်းဂတော့ ၈၈၃ ဦးရှိပြီး ၇၀၅ ဦးမှာ မဲပေးပြီးသွားပြီဖြစ်သည်။

ယင်းတံဆိပ်တုံးဖြင့် မဲပေးခဲ့ရသူအရေအတွက်ကို အတိအကျမသိရသော်လည်း ခန့်မှန်းခြေအားဖြင့် ငါးဦးဝန်းကျင်ရှိမည်ဟု မဲရုံမှ စုံစမ်းသိရှိရသည်။

အဆိုပါကိစ္စကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါတံဆိပ်တုံးဖြင့်ပေးခဲ့သည့်ဆန္ဒမဲများသည် ပယ်မဲဖြစ်မည်ဟု ၎င်းက ပြန်လည်ဖြေဆိုသည်။

သတင်း/ ဓါတ်ပုံ- ဘုန်းမြတ်ထွေး