Dawei Watch, Dawei News, Dawei News Media

UEC စာတန်းမပါသည့် တံဆိပ်တုံးဖြင့် မဲပေးခဲ့ရဟုဆို

မြိတ်ခရိုင်အတွင်းရှိ မဲရုံများတွင် နိုဝင်ဘာလ ၂၉ ရက်ကစပြီး အသက် ၆၀ ကျော်သူများ ကြိုတင်မဲ ထည့်နေကြရပြီး မဲထည့်ကြသူအချို့၏ ပြောဆိုမှုအရ မဲပေးတံဆိပ်တုံးတွင် ရွေးကောက်ပွဲကော်မရှင်၏ အတိုကောက်စာလုံးဖြစ်သည့် UEC စာတန်း မပါရှိကြောင်း သိရသည်။

မောတောင်-စင်ခွန်းနယ်စပ်ဂိတ် အဆင့်တိုးမြှင့်ရန် နှစ်နိုင်ငံနယ်နိမိတ်ကို စနစ်တကျတိုင်းတာရမည်ဟုဆို

မြန်မာ - ထိုင်းနှစ်နိုင်ငံနယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင်-စင်ခွန်းနယ်စပ်ဂိတ် အား အဆင့်တိုးမြှင့်ရန် နှစ်နိုင်ငံနယ်နိမိတ် ကို စနစ်တကျတိုင်းတာရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။ မေလ ၁၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်...
ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံ

သူစိမ်းနှစ်ဦးမဲရုံရှေ့လာကြည့်သဖြင့် စစ်ဆေး‌ရာ တပ်မတော်သားများဖြစ်နေ

ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံသို့ ယနေ့နံနက်ပိုင်းက အမည်မသိလူစိမ်းနှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာသဖြင့် စစ်ဆေးကြည့်ရာ တပ်မတော်သားများဖြစ်နေကြာင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။ အရပ်ဝတ်ဖြင့်ရောက်လာသော ၎င်းနှစ်ဦးအား မှတ်ပုံတင်၊ နေရပ်လိပ်စာတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဆေးခဲ့ရာ အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ကိုလတ်က...

မွန်တွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃၀၂ ဦးရှိ

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ၃၀၂ ဦးကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က အတည်ပြုထုတ်ပြန်လိုက်သည်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၃၀၆...

မုန်တိုင်းကြောင့် ခရီးသည်လှေနှင့်ကုန်တင်လှေများ ပြေးဆွဲခွင့်ပိတ်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ(FANI) ကြောင့် တနင်္သာရီတိုင်းတွင် ခရီးသည်လှေနှင့် ကုန်တင်စက်လှေများ ပင်လယ်ပြင်သို့ ထွက်ခွာပြေးဆွဲခွင့်ပိတ်ထား ကြောင်း တနင်္သာရီတိုင်း ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ မြိတ်-ကျွန်းစု ခရီးစဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များမှလွဲပြီး တနင်္သာရီတိုင်း တစ်ခုလုံးတွင် သစ်သားခွံဖြင့်ပြုလုပ်ထားသော ကုန်တင်စက်လှေများ၊ ခရီးသည်တင်...

အမှားများသည့် မွန်မဲစာရင်း

မွန်ပြည်နယ်အတွင်း ပထမအကြိမ် ကြေညာကပ်ထားသည့် မဲစာရင်းများတွင် အချက်အလက် မှားယွင်းမှု များပြားနေသည်ဟု မဲဆဆန္ဒရှင်ပြည်သူများနှင့် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတို့ထံမှ သိရသည်။ မဲစာရင်း အချက်အလက်မှားယွင်းမှုသည် မဲရုံတိုင်းတွင်ရှိနေပြီး အချို့မဲရုံများ တွင် ထက်ဝက် (၅၀...

မဲဆွယ်ကာလကို ရက်ကပ်မှထုတ်ပြန်သဖြင့် ပါတီများ အခက်တွေ့ဟုဆို

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် မဲဆွယ်စည်းရုံးရေးကာလကို ရက်ကပ်ပြီးထုတ်ပြန်သောကြောင့် မဲဆွယ်စည်းရုံးရန်အတွက် အခက်တွေ့ စေသည်ဟု နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။ နိုင်ငံရေးပါတီများသည် ကော်မရှင်က မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ် ထုတ်ပြန်ပြီးမှသာ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ချမှတ်ရ...
Dawei Watch, Dawei News, Dawei News Media

ကိုယ်စားလှယ်လောင်း ၈၅ ရာခိုင်နှုန်းက ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းထား

မွန်ပြည်နယ်အတွင်း ရွေးကောက် ပွဲကုန်ကျစရိတ် တင်သွင်းသည့် ကိုယ်စားလှယ် ဒီဇင်ဘာ ၈ ရက်နေ့အထိ စာရင်းအရ ၂၁၉ ဦးရှိသည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ထံမှ သိရသည်။ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲတို့မှ ရွေးကောက်တင်မြှောက်ခံရသည့်...
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည်

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံ ဆောက်မည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မဲရုံအများစုကို စာသင်ကျောင်းများတွင် ပြုလုပ်ပြီး အချို့စာသင်ကျောင်းများတွင် အခန်းကျဉ်းသဖြင့် ယာယီမဲရုံများ ထပ်မံဆောက်လုပ်ခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော...
ကရပ်ပြင်​မြောက်ရပ်ကွက်

ကရပ်ပြင်မြောက်ရပ်ကွက်တွင် မဲလာမပေးသူ လေးရာကျော်ရှိ

ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက် မဲရုံအမှတ် ၅ တွင် မဲစာရင်း ၁၃၁၂ ရှိသည့်အနက် ကြိုတင်မဲ ၂၃၅ မဲ၊ မဲလာပေးသူ ၆၄၆ မဲရှိသဖြင့် မဲလာမပေးသူ ၄၃၁ ဦး(၃၃ ရာခိုင်နှုန်းဝန်းကျင်)ရှိကြောင်း မဲရုံမှူး ဒေါ်ဟန်သီစိုးထံမှ သိရသည်။