တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည်

0
553
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံ ဆောက်မည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မဲရုံအများစုကို စာသင်ကျောင်းများတွင် ပြုလုပ်ပြီး အချို့စာသင်ကျောင်းများတွင် အခန်းကျဉ်းသဖြင့် ယာယီမဲရုံများ ထပ်မံဆောက်လုပ်ခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

“ကိုဗစ်ဆိုတော့ Social Distancing (လူချင်းခပ်ခွာခွာနေခြင်း) နဲ့ ခုနပြောတဲ့ ခြောက်ပေလည်းခြားအောင်၊ လေဝင်လေ ထွက်လည်းကောင်းအောင် လျှို့ဝှက်စွာနဲ့ လွယ်ကူစွာ မဲပေးလို့ရအောင် အဲလိုလုပ် ပေးတာ” ဟု တာဝန်ရှိသူက ဆိုသည်။

မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၃၀ဝ မှ ၃၀ဝ၀ အတွင်းရှိလျှင် မဲရုံတစ်ရုံ သတ်မှတ်သည်ဟု တာဝန်ရှိသူက ပြောသည်။

မဲစာရင်းပြုစုစဉ်က မဲဆန္ဒရှင်စာရင်းနှင့် မဲရုံစာရင်းကို လျာထားသည့်အတိုင်းသာ ဆောက်လုပ်ခြင်းဖြစ်ပြီး ထပ်တိုး ဆောက်လုပ်ခြင်းမဟုတ်ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် မဲဆန္ဒရှင် ၁၁ သိန်းခန့်ရှိပြီး မဲရုံပေါင်း ၁၂၀ဝ၀ ခန့် ရှိသည်ဟု သိရသည်။

လက်ရှိတွင် ကွာရန်တင်းစခန်းပြု လုပ်ထားသည့် စာသင်ကျောင်းများကို အောက်တိုဘာလ ၁၅ ရက်နေ့အပြီး ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ပြီးလျှင် အဆိုပါနေရာများကို ပိုးသတ်မည်ဟု ၎င်းက ဆိုသည်။

ယာယီမဲရုံများမှာ ထားဝယ်မြို့နယ်တွင် လေးရုံ၊ လောင်းလုံးမြို့နယ်တွင် နှစ်ရုံ၊ သရက်ချောင်းမြို့နယ်တွင် သုံးရုံ၊ ရေဖြူမြို့နယ်တွင် တစ်ရုံနှင့် ကျွန်းစုမြို့နယ်တွင် တစ်ရုံဖြစ်သည်။

မိုးမြင့်