ခေတ်မကောင်းချိန် ကိုယ်ဝန်ဆောင် ဒုက္ခ

စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်၏ နောက်ဆက်တွဲရိုက်ခတ်မှုကြောင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍမှာ ရပ်တန့်သလောက်နီးပါး ဖြစ်သွားခဲ့သည်။ အထူးသဖြင့် ကျေးလက်ဒေသများရှိ ဆေးပေးခန်းများ ပိတ်ထားလိုက်ရပြီး ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုမှာ ရပ်တန့်သွားခဲ့ရသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရှိ...

တနင်္သာရီတိုင်းက ခရီးသွားလုပ်ငန်းတွေ ပြန်စတော့မလား

တနင်္သာရီတိုင်းတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလုပ်ဆောင်နေသည်။ မြိတ်နှင့် ကော့သောင်းတွင်း ခရီးသွားလုပ်ငန်းအချို့ ပြန်စနေပြီဖြစ်သော်လည်း ထားဝယ်ခရိုင်တွင်မူ ခရီးသွားလုပ်ငန်းများ ရာနှုန်းပြည့်ရပ်တန့်နေဆဲဖြစ်သည်။ ထားဝယ်ခရိုင်မှာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စနစ်ကို အပြင်းထန်ဆုံး...

ထင်တိုင်းကြဲနေသည့် လောင်းကစားဝိုင်းများ

လူသူရှင်းသည့်နေရာများနှင့် လူသူအရောက်အပေါက်နည်းသည့်နေရာတွင်သာ ကျင်လည်ခဲ့သည့် လောင်းကစားဝိုင်းများမှာ အာဏာသိမ်းပြီးချိန်တွင် မြို့လယ်ကောင်သို့ ရောက်လာကြသည်။ တနင်္သာရီတိုင်းအတွင်း လေးပြား၊ အနီထောင်၊ ပေါက်တင်း အစရှိသည့် လောင်းကစားနည်းများကို လောင်းကြေးအဖြစ် ငွေကျပ်သိန်းရာချီ ကစားလေ့ရှိသည်။

လုပ်ငန်းရှင်လောင်းမှ ရွှေ့ပြောင်းလုပ်သမားဘဝသို့ ပြန်ရောက်သွားသူများ

မွေးရပ်မြေကို စွန့်ခွာကာ နိုင်ငံရပ်ခြားတွင် ရွှေ့ပြောင်းအလုပ်သမားဘဝဖြင့် ဘဝကို ရုန်းကန်ခဲ့ကြရဖူးသည်။ အလုပ်လုပ်ရင်း ဥစ္စာလည်းရှာ အတတ်ပညာကိုလည်း ကြိုးပမ်းလေ့လာသင်ယူကာ မွေးရပ်မြေပြန် အခြေချချိန် ဘဝရပ်တည်နိုင်ရေး မျှော်လင့်ထားခဲ့ကြသည်။ ငွေကြေးအရင်းအနှီးလည်းရ၊ သက်မွေးဝမ်းကြောင်း အတတ်ပညာလည်းပါလာပြီးနောက် မွေးရပ်မြေ တနင်္သာရီတိုင်း...

အာဏာသိမ်းအပြီး ၂ နှစ်အကြာ

စစ်တပ်က အာဏာသိမ်းခဲ့သည့်မှာ ၂ နှစ်ကျော်ရှိလာပြီဖြစ်သည်။ ယင်းကာလအတွင်း ပြည်တွင်းပဋိပက္ခများ ပိုမိုဖြစ်ပွားလာနေပြီး ဒေသအများစုတွင် တိုက်ပွဲများဖြစ်ပွားလာနေသည်။ တနင်္သာရီတိုင်းတွင်လည်း စီးပွားရေး လုပ်ငန်းအများစုရပ်တန့်နေသလို၊ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ၊ လုံခြုံရေးအရ နေရပ်စွန့်ခွာ ထွက်ပြေးနေထိုင်ရသူ အများအပြားရှိနေသည်။

တောင်ပိုင်းတော်လှန်ရေး ဘာတွေလိုနေလဲ (၄)

စစ်အာဏာရှင်ကို တော်လှန်ရေးခရီးကြမ်းမှာ ရက်ပေါင်း ၁၀၀၀ ကျော်လာပြီဖြစ်သည်။ မြန်မာနိုင်ငံအနှံ့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့များလည်း ဒေသအလိုက်အများအပြား ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း...

ပဋိပက္ခနွံထဲက ပြည်သူတွေ

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပစ်ခတ်တိုက်ခိုက်မှုများ၊ ပဋိပက္ခများ၊ မလုံခြုံမှုများနှင့် အထွေထွေအကျပ်အတည်းများမှာ သုံးနှစ်ခန့်ကြာမြင့်လာပြီဖြစ်သည်။ ပြည်သူများမှာ ချွေးနည်းစာဖြင့် စုဆောင်းကာ ဆောက်လုပ်ထားသည့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသလို၊ အသက်ဘေးကြောင့် လုပ်ငန်းများ၊ အိုးအိမ်များ စွန့်ပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေကြရသူများလည်း အများအပြားရှိနေသည်။

ခြေချိုးခံရတဲ့ တောင်ပိုင်းသားများ

ဆိုင်ကယ်ဆိုသည်မှာ တနင်္သာရီတိုင်းသားများအတွက် ခြေထောက်ပင်ဖြစ်သည်။ တောင်ပိုင်းသားများမှာ ဆိုင်ကယ်အားပြု သွားလာနေကြရခြင်းဖြစ်သည်။ တနင်္သာရီတိုင်းတွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်ပိတ်ခြင်း၊ ကန့်သတ်ချက်များဖြင့် စီးနင်းခွင့်ပြုခြင်း၊ မထင်ရင်မထင်သလို ပုံစံမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ ဆိုင်ကယ် ၂ ယောက်အတူစီးလာသဖြင့် ပစ်ခတ်ခြင်း စသည်တို့ကြောင့်  တောင်ပိုင်းသားများမှာ...

ဝယ်ရလွယ်ပြီး စျေးပေါလာတဲ့ မူးယစ်ဆေး

တနင်္သာရီတိုင်းတွင် မူးယစ်ဆေးသုံးသူ အလွန်ပေါများလာနေသည်။ WY စိတ်ကြွဆေးပြားနှင့် ရေခဲဟုခေါ်သည့် Ice တို့မှာ ဝယ်ယူရ အလွန်လွယ်ကူလာသည်။ ယင်းကြောင့်ပင် ဆေးသုံးသူများမှာ နေရာအနှံ့တွေ့လာနေရသည်။ အာဏာမသိမ်းမီအချိန်က WY စိတ်ကြွဆေးတစ်ပြားလျှင် ၂၅၀၀ ကျပ်ဈေးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ၁၀၀၀ ကျပ်မှ ၁၅၀၀...

ဆေးကုသဖို့ ခက်လာတဲ့ ပြည်သူတွေ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်မှာ ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍများ ရပ်တန့်သွားခြင်းဖြစ်သည်။ ပြည်သူများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရပ်ဆိုင်းသွားခြင်းမှာ ငွေကြေးတတ်နိုင်သူများအတွက် ပြဿနာကြီးကြီးမားမား မရှိသော်လည်း အခြေခံလူတန်းစားများ အတွက်မူ အခက်အခဲများစွာ...