ဘန်ကောက်မြို့အနီးတွင် တရားမဝင် မြန်မာလုပ်သား ၁၄ ဦး၊ ပွဲစား ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ပို့ဆောင်နေသော ပွဲစား ၃ ဦးနှင့် မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမွတ်ပရကန်ခရိုင် ဘန်ဖလီဒေသ ဘန့်ပလားလမ်းတွင် တရားမဝင်...

မလေးရှားသို့ တရားမဝင်သွားသည့်မြန်မာလုပ်သားများ စီးလာသောကား ထိုင်းတွင်တိမ်းမှောက်

မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ လိုက်ပါလာသော ကားတစ်စီးသည် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဇူလိုင်လ ၁ ရက် ညနေပိုင်းက တိမ်းမှောက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းကားသည် စူရတ်ဌာနီခရိုင် ထာ့ချန်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့်...

ဘန်ကောက်တွင် မီးလောင်မှုကြောင့် သေဆုံးသူနှစ်ဦးတွင် မြန်မာလုပ်သားတစ်ဦးပါဝင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဇွန်လ ၂၆ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် လူ နှစ်ဦးသေဆုံးခဲ့ရာတွင် မြန်မာ အလုပ်သမားတစ်ဦးပါဝင်ကြောင်း ချက်ကရာဝက်ရဲစခန်းမှ ရဲချုပ် Pollawat Phromsorn က ပြောသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့တော်...

ထိုင်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲပြီး တစ်ဦးသေ၊ မြန်မာသုံးဦးဒဏ်ရာရကာ ခြောက်ဦးပျောက်ဆုံး

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင် မဲကလောင်မြစ်ထဲရှိ လောင်စာဆီတင် သင်္ဘောတစ်စီးပေါ်တွင် ယနေ့ (ဇန်နဝါရီ ၁၇) မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရကာ ပျောက်ဆုံးသူများလည်း ရှိနေကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြသည်။ မောင်ဒေသ မဲကလောင်မြစ်ပေါ်ရှိ...

အောက်စီဂျင်ပြတ်ကာသေဆုံးသည့် မြန်မာရေလုပ်သားသုံးဦးအတွက် နစ်နာကြေးဘတ်နှစ်သန်းကျော်ရမည်

ထိုင်းနိုင်ငံတောင်ပိုင်း ပါတ်တနီခရိုင်တွင် ငါးဖမ်းလှေတွင် အောက်စီဂျင်ပြတ်ကာ သေဆုံးသွားသော မြန်မာလှေလုပ်သား သုံးဦးအတွက် နစ်နာကြေး ဘတ်နှစ်သန်းကျော်ရရှိမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ထံမှ သိရသည်။ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လှေဝမ်းဗိုက်အတွင်းရှိ...

တရားမဝင် ထိုင်းငါးမိုင်းခွဲ စက်လှေတစ်စီး ဖမ်းဆီးရမိ

တရားမဝင် ထိုင်း ငါးမိုင်းခွဲလှေ တစ်စီးကို ပြီးခဲ့သည့် အပတ်က ဖမ်း ဆီး ရမိခဲ့ပြီး လှေပေါ်ပါသူ ၈ ဦးအနက် ၂ ဦးသာ ဖမ်းမိပြီး ၆ ဦး လွတ်မြောက်ခဲ့ ကြောင်း တနင်္သာရီ ရေတပ်စခန်းဌာန ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။...

ပင်လယ်ထဲမျောပါနေသည့် ရိုဟင်ဂျာ ၁၀ဦးနှင့် ကျွန်းပေါ်က ၄၁ဦးတို့ကို ထိုင်းကယ်တင်

ထိုင်းနိုင်ငံ စတုန်ခရိုင်ရှိ ပင်လယ်ထဲတွင် အကာအကွယ်မရှိဘဲ မျောပါဒုက္ခရောက်နေသော ရိုဟင်ဂျာ ဒုက္ခသည် ၁၀ ဦးကို စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၄၁ ဦးကို ကျွန်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံထဲ စံချိန်တင်ဝင်ရောက်နေသည့် မြန်မာလုပ်သားများ

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံသားများမှာ အလုပ်အကိုင်ရရှိရေးအတွက် ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် လာရောက်နေကြရပြီဖြစ်သည်။ ယခင်ကိုဗစ်ကာလအတွင်း ယိုင်နဲ့နဲ့စီးပွားရေး လုပ်ငန်းများမှာ စစ်တပ်အာဏာသိမ်းလိုက်မှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှု၊ ငွေကြေးမတည်ငြိမ်မှု ဒဏ်များနှင့်အတူ ပြိုလဲကျသွားပြီဖြစ်သည်။

မဲဆောက်သဘာဝတရားရိပ်သာတွင် မြန်မာစစ်တပ်သူလျှိုများ ဖမ်းမိဟုဆို၊ မဟုတ်မှန်ဟု ရိပ်သာငြင်း

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် မဲဆောက်ရှိ သဘာဝတရားရိပ်သာတွင် ဩဂုတ်လ ၂၉ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးရမိ‌သော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများတွင် စစ်ကောင်စီ၏ ထောက်လှမ်းရေး(သူလျှို)များ ပါဝင်နေကြောင်း ထိုင်းသတင်းဌာန Matichon Online တွင် ဖော်ပြထားသည်။ မဲဆောက်ဒေသ မယ်ပသဘာဝတရားရိပ်သာ ၃...

အယုဒ္ဓယတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀ နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် အလုပ်သမားခန့်ထားရေးဌာနက ထုတ်ပြန်ခဲ့သည်။ အူထိုင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများနေထိုင်သည့် စခန်းအတွင်း...