တရားမဝင် ထိုင်းငါးမိုင်းခွဲ စက်လှေတစ်စီး ဖမ်းဆီးရမိ

0
662

တရားမဝင် ထိုင်း ငါးမိုင်းခွဲလှေ တစ်စီးကို ပြီးခဲ့သည့် အပတ်က ဖမ်း ဆီး ရမိခဲ့ပြီး လှေပေါ်ပါသူ ၈ ဦးအနက် ၂ ဦးသာ ဖမ်းမိပြီး ၆ ဦး လွတ်မြောက်ခဲ့ ကြောင်း တနင်္သာရီ ရေတပ်စခန်းဌာန ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းငါးဖမ်းလှေအား နိုဝင်ဘာလ ၂၆ရက်က အနောက်စူလာ၏ အနောက် တောင်ဘက် ၃၅ မိုင်ခန့်အကွာတွင် စစ်ရေယာဉ် ၅၆၉ မှ ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်တွင် မြိတ်သို့ ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
unlegal_thai_boat
အဆိုပါ တရားမဝင် ထိုင်းငါးမိုင်းခွဲ စက်လှေတွင် ထိုင်းလူမျိုး ပဲ့နင်း ၁ ဦး အပါအဝင် စုစုပေါင်း ၈ ဦးပါရှိပြီး လိုက်လံဖမ်းဆီးရာ မြန်မာလူမျိုး ၂ ဦး သာ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၆ ဦးမှာ ပင်လယ်ထဲသို့ ခုန်ချလွတ်မြောက်သွား ကြောင်း တာဝန်ရှိသူက ပြောသည်။

” စက်လှေပေါ်မှာတော့ ငါးမိုင်းခွဲ ရာမှာ အသုံးပြုတဲ့ စနက်တံ တပ်ဆင် ထားတဲ့ အသင့်မိုင်းခွဲနိုင်တဲ့ ယမ်းအိုး ၁၀လုံးနဲ့ ဖောက်ခွဲရေး ဆက်စပ် ပစ္စည်း များနဲ့အတူ ဖမ်းဆီးရမိပါတယ်၊ ယမ်း အိုး ၁၀အိုးကိုတော့ အချိန်မရွေး ထပေါက် နိုင်တာကြောင့် ကျွန်တော်တို့က ပင်လယ် ထဲမှာ တခါတည်း ဖျက်ဆီးခဲ့ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

တရားမဝင် ဖမ်းဆီးရမိသည့် ထိုင်းငါးမိုင်းခွဲစက်လှေနှင့် မြန်မာ ၂ ဦးကို မြိတ်မြို့မရဲစခန်းမှ ဖမ်းဆီးအရေး ယူနိုင်ရန် ပြန်လည် လွှဲပြောင်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။