မြန်မာလုပ်သားများထံက ခြိမ်းခြောက်ငွေညှစ်ခဲ့သော ထိုင်းရဲ ရှစ်ဦးကို တာဝန်မှယာယီဆိုင်းငံ့

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ ကြက်သားစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ငါးဦးကို ရဲစခန်းသို့ ခေါ်ဆောင်ပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့သော ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို ဧပြီလ ၂၂ ရက်နေ့တွင် တာဝန်မှ ယာယီဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော...

ထိုင်း စူရတ်ဌာနီတွင် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများ လျော်ကြေး ဘတ်တစ်သန်းကျော်ရမည်

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် နစ်နာကြေးမရရှိဘဲ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် နစ်နာကြေး ဘတ် တစ်သန်းကျော်ရရှိတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။ စူရတ်ဌာနီခရိုင် ချိုင့်ရာမြို့ ဖွန်ဖတ်သစ်စက်ရုံတွင်...

ပတ္တရားတွင် မြန်မာပစ္စည်းအရောင်းဆိုင်အချို့ကို ရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားမြို့ပေါ်ရှိ မြန်မာပစ္စည်းများ ရောင်းချနေသော စတိုးဆိုင်အချို့ကို ထိုင်းရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။  ဩဂုတ်လ ၂၇ ရက်နေ့တွင် ထိုင်းရဲဝတ်စုံဝတ်ထားသူများက မြန်မာပစ္စည်းများ ရောင်းချမှုသည် တရားမဝင်ကြောင်းပြောကြား၍ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်ခဲ့သဖြင့်...

၁၆ နှစ်အရွယ် ထိုင်းလူငယ်က ဖခင်ကားကို ခိုး၍ တရားမဝင်မြန်မာလုပ်သားများ ပို့ဆောင်စဉ် အဖမ်းခံရ

ထိုင်းနိုင်ငံ အယုဒ္ဓယအဝေးပြေးလမ်းမပေါ်တွင် အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးက ဖခင်ကားကို ခိုး၍ မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်စဉ် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိခြင်းခံရကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။ ယမာန်နေ့ ဩဂုတ်လ ၂၃ ရက်...

ရနောင်းလဝကစခန်းတွင် ဆန္ဒပြတောင်းဆိုသည့်မြန်မာခြောက်ရာကျော်ကို နေရပ်ပြန်ပို့ပြီ

ထိုင်းနိုင်ငံ ရနောင်းခရိုင် လဝကထိန်းသိမ်းရေးစခန်းတွင် လနှင့်ချီကြာထိန်းသိမ်းခံရသဖြင့် နေရပ်ပြန်ပို့ပေးရန် ဆန္ဒပြခဲ့ကြသော မြန်မာနိုင်ငံသား ၆၇၀ ကျော်ကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရနောင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။ အမျိုးသား...

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနှစ်ရာကျော်ကို ကော့သောင်းသို့ ပြန်လွှဲ၊ ဖျားနာသူ ငါးဦးပါ

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ နှစ်ရာကျော်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကော့သောင်းမြို့သို့ လွှဲပေးလိုက်ပြီး ယင်းအနက် ဖျားနာသူ ငါးဦးပါဝင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ထံမှ သိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့်...

နေရပ်စွန့်ခွာကြသူများ

တနင်္သာရီတိုင်းရှိ ကျေးရွာများတွင် လူငယ်များမရှိတော့၊ အများစုက စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံသားများ မလုပ်ချင်သည့် အလုပ်များလုပ်ကိုင်ခွင့်ရရှိရေး ထိုင်းနိုင်ငံသို့ စွန့်စားသွားရောက်နေကြရသည်။ “လူငယ်တွေ မရှိကို မရှိတော့ဘူး သွားနေကြတာကလေ၊ ရော်ဘာခြံတွေ၊ လယ်တွေပစ်ပြီးသွားတယ်ဆိုပေမယ့် မိဘတွေတော့ ကျန်ရစ်တာပေါ့၊ သားငယ်ပိုင်းတွေ...

ထိုင်းအမျိုးသမီးကိုသတ်ပြီး ရွှေငွေခိုးသွားသည်ဟုဆိုကာ မြန်မာလုပ်သားတစ်ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အသက်ကြီးပိုင်းထိုင်းအမျိုးသမီးတစ်ဦးကို သတ်ကာ ရွှေနှင့်ငွေများ ယူဆောင်ထွက်ပြေး သွားသည်ဟု သံသယရှိသူ မြန်မာအလုပ်သမားတစ်ဦးကို ဖမ်းမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်တွင် ပြောကြောင်း ထိုင်းသတင်းဌာနများတွင် ရေးသားဖော်ပြသည်။ ချွန်ဘူရီခရိုင် မောင်ဒေသ...

ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀ ဦးကို ဧပြီလ ၂၆ရက်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်လိုက်သည်။ ပစ်ကပ်ကားနှစ်စီးကို Lat Bua Luang ခရိုင်တွင် တားဆီးစစ်ဆေးရာမှတစ်ဆင့်...

နေရပ်ပို့မည်ဟု မြန်မာသံရုံးကတိပေးသဖြင့် ရနောင်းလဝကစခန်းရှိ မြန်မာများ ဆန္ဒပြမှုရပ်

ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၅၀ကျော် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ဆန္ဒပြတောင်းဆိုချက် ပြေလည်မှုရသဖြင့် ဆန္ဒပြမှုကို ရပ်လိုက်ပြီဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာများက ပြောသည်။ ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းတွင် ရနောင်းအခြေစိုက်...