ထိုင်းခရီးသွားမြို့ ပတ္တရားတွင် မြန်မာအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ထိုင်းသတင်းဌာနများဖော်ပြ

ထိုင်းနိုင်ငံ၏ ခရီးသွားမြို့ဖြစ်သော ပတ္တရားမြို့လယ်ကောင်တွင် မြန်မာနိုင်ငံသားအချင်းချင်း တုတ်များကိုင်ဆောင်ကာ အော်ဟစ်ရိုက်နှက်၍ ရန်ဖြစ်ခဲ့ကြမှုကို ထိုင်းသတင်းဌာနများတွင် ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြခဲ့ကြသည်။ မြန်မာအချင်းချင်း ရန်ဖြစ်နေသော ဗီဒီယိုဖိုင်တစ်ခုကို လွန်ခဲ့သော ၂ ရက်ခန့်က ခရီးသွားပြည်သူတစ်ဦးက Tiktok ပေါ်တွင် တင်ခဲ့ပြီးနောက် ခရီးသွားမြို့အတွက်...

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ခေါင်းကို စက်ညှပ်မိရာမှ သေဆုံး

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ပထုံခရိုင်ရှိ ပလတ်စတစ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် စက်ချို့ယွင်းမှုရှိသဖြင့် ခေါင်းငုံ့ကြည့်ရာမှ စက်ညှပ်သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် နခွန်ပထုံခရိုင် ဘန့်လေးဒေသရှိ ပလပ်စတစ်ဖိသောစက်တွင် ခေါင်းညှပ်ပြီး...

အသက် ၁၅ နှစ်အရွယ်သမီးကို လိင်လုပ်သားအဖြစ် စေခိုင်းသည့် မြန်မာမိခင်ကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံအလယ်ပိုင်း စရာဘူရီခရိုင်တွင် အသက် ၁၅ နှစ်အရွယ် သမီးကို လိင်လုပ်သားအဖြစ် အတင်းအကျပ်စေခိုင်းခဲ့သော မြန်မာနိုင်ငံသားမိခင်ကို ထိုင်းရဲကဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို...

ရနောင်းတွင် ၁၁ လအရွယ် မြန်မာကလေးငယ်တစ်ဦး ခိုးယူခံရပြီး လမ်းဘေးတွင် စွန့်ပစ်ခံရ

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ၁၁ လသားအရွယ် မြန်မာကလေးငယ်တစ်ဦးကို ထိုင်းနိုင်ငံသားတစ်ဦးက ခိုးယူကာ ဆိုင်ကယ်စီး ထွက်ပြေးသွားပြီးနောက် ကလေးငယ်အား လမ်းဘေးတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူက Dawei Watch သို့ ပြောသည်။

ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးသည့်မြန်မာလေးဦးအတွက် နစ်နာကြေးဘတ်နှစ်သန်းကျော်ရ

ထိုင်းနိုင်ငံ မဲကလောင်ဆိပ်ကမ်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားလေးဦးအတွက် နစ်နာကြေးငွေ ဘတ်နှစ်သန်းကျော် ရရှိကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် မိသားစုဝင်များထံမှ သိရသည်။ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် မြန်မာအလုပ်သမား ခုနစ်ဦးအနက် စာရွက်စာတမ်းများနှင့် အချက်အလက် ပြည့်စုံသော...

ကန်ချနဘူရီရှိ စွန့်ပစ်အိမ်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၂၀ ကျော် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်ရှိ စွန့်ပစ်အိမ်တစ်အိမ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို ယမန်နေ့ (ဧပြီ ၄)က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီမြို့ နော့ဘဝါဒေသရှိ အိမ်တစ်အိမ်ထဲတွင် မြန်မာနိုင်ငံသား...

ထိုင်းတွင် ဗီဇာသက်တမ်းတိုးပေးမည်ဟုဆိုကာ မြန်မာအချင်းချင်း ဘတ်ငွေသိန်းချီလိမ်

ဗီဇာသက်တမ်းတိုးပေးမည်ဟုဆိုပြီး ဘတ်ငွေသိန်းချီ လိမ်လည်သွားသည့် မြန်မာအမျိုးသမီးပွဲစားကို မြန်မာအလုပ်သမား ၁၃ဦးက ထိုင်းရဲတပ်ဖွဲ့ထံတွင် ယနေ့ (စက်တင်ဘာ ၁၃) အမှုဖွင့်တိုင်ကြားလိုက်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ ငွေလိမ်သွားသော မစန်းဝင်း အမည်ရှိ ပွဲစားကို...

ထိုင်း စူရတ်ဌာနီတွင် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများ လျော်ကြေး ဘတ်တစ်သန်းကျော်ရမည်

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် နစ်နာကြေးမရရှိဘဲ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် နစ်နာကြေး ဘတ် တစ်သန်းကျော်ရရှိတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။ စူရတ်ဌာနီခရိုင် ချိုင့်ရာမြို့ ဖွန်ဖတ်သစ်စက်ရုံတွင်...

မြန်မာလုပ်သားများစီးလာသောကား ထိုင်းတောင်ပိုင်းတွင်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာအလုပ်သမား ၁၅ဦး လိုက်ပါလာသောကား ရေမြောင်းထဲ ထိုးကျတိမ်းမှောက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။ တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား နှစ်ဦးသေဆုံးခဲ့ပြီး ကျန်၁၃ ဦးမှာ ဒဏ်ရာရကြောင်း ရေးသားထားသည်။

ဒေါ်လာငါးသိန်းဖြင့် စင်ကာပူလေဆိပ်မှထွက်ခွာရန်ကြိုးပမ်းသည့် လက်နက်ပွဲစားအပါအဝင် မြန်မာသုံးဦးအရေးယူခံရ 

စင်ကာပူဒေါ်လာ ငါးသိန်းကျော်ကို သတင်းမပို့ဘဲ ယူဆောင်လာပြီး စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားသုံးဦး အရေးယူခံရကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ဦးကျော်မင်းဦးဆိုသူသည် စင်ကာပူဒေါ်လာ ၅၀၈,၉၂၅ ကို ငွေသားအဖြစ် မကြေညာခဲ့ဘဲ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ပြီးခဲ့သည့် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။