ဗိုလ်ချုပ်မွေးနေ့တွင် ဗိုလ်ချုပ်ရုပ်ထု ဖွင့်ပွဲပြုလုပ်

ကျွန်းစုမြို့နယ်တွင် ဗိုလ်ချုပ်ကြေး ရုပ်ဖွင့်ပွဲကို ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်က ပြုလုပ်ခဲ့ ကြောင်း ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။ အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်မှာပြီးခဲ့သည့်နှစ် မေလအတွင်းက ရောက်ရှိနေ...

အသေးစားနှင့် လက်လုပ်လက်စား သတ္တုလုပ်ကွက်လျှောက်ထားမှု မြိတ်ခရိုင်တွင် အများဆုံး

တနင်္သာရီတိုင်းဒေသကြီး သတ္တုလုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့ထံ လျှောက်ထားလာသည့် အသေးစားနှင့် လက်လုပ်လက်စား သတ္တုလုပ်ကွက်များအနက် မြိတ်ခရိုင်တွင် အများဆုံးဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ မြိတ်ခရိုင်တွင် လုပ်ကွက် ၆၃ ကွက်၊ ထားဝယ်ခရိုင်တွင် ၁၉ ကွက်နှင့် ကော့သောင်းခရိုင်တွင် ၃ ကွက်လျှောက်ထားကြောင်း ယင်းအဖွဲ့၏ စာရင်းများအရ...

စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းအား ယုံကြည်ထောက်ခံကြောင်း လက်မှတ်များ ကောက်ခံ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းအား အပြည့်အ၀ယုံကြည် ထောက်ခံကြောင်းကို ဖေဖော်ဝါရီလ ၁၄ ရက်မှစပြီး မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လက်မှတ်များ ကောက်ခံနေကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ လ ၁၃ ရက်က မြိတ်မြို့သို့...

ထားဝယ် – ထီးခီး ယာဉ်လိုင်း တစ်နှစ်ထက်တစ်နှစ် လျော့နည်း

ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ တရားဝင်ပြေးဆွဲနေသည့် ထားဝယ် - ထီးခီးယာဉ်လိုင်းများ တစ်နှစ် ထက်တစ်နှစ် လျော့နည်းလာကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ်ကြီးကြပ်ရေးအသင်းထံမှ သိရသည်။ ၂၀၁၇ ခုနှစ်တွင် ထားဝယ် - ထီးခီး ယာဉ်လိုင်း ၂၃ ရှိသော်လည်း ယခု...

နိုင်ငံတော် အတိုင်ပင်ခံအား ထားဝယ်ကြိမ်လုံး လက်ဆောင်ပေးရန် ကြိုးပမ်း

တနင်္သာရီတိုင်းအစိုးရအဖွဲ့အား ဆုံးမရန် လာရောက်ခြင်းဖြစ်သည်ဟု မြိတ်ခရီးစဉ်တွင် ပြောကြားခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်အား ထားဝယ်ကြိမ်လုံး လက်ဆောင်ပေးရန် ထားဝယ်မြို့ခံတချို့က ကြိုးပမ်းခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၅ ရက်က ထားဝယ်မြို့ကို ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် “အမေ့အတွက် လက်ဆောင် ထားဝယ်ကြိမ်” စာတမ်းပါ...

ထားဝယ်ခရိုင်အတွင်း ပျဉ်းကတိုး စိုက်ခင်း ဧကငါးရာကျော် စိုက်မည်

ထားဝယ်ခရိုင်အတွင်း စီးပွားရေး ပျဉ်းကတိုးစိုက်ခင်းဧက ငါးရာကျော်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မိုးက ပြောသည်။ ထားဝယ်မြို့နယ်ရှိ နွားလပို့သစ်တောကြိုးဝိုင်းတွင် ဧက၂၀၀ ၊ ရေဖြူမြို့နယ် ဟိန္ဇဲ-ကလိန်အောင်ကြိုးဝိုင်းတွင် ဧက ၁၀၀နှင့်  သရက်ချောင်းမြို့နယ်ရှိ  တောင်ပျောက် ကြိုးဝိုင်းတွင် ဧက...

မွန်တွင် ကျပ် ၁၀၀၀ တန် ထီလက်မှတ် ပိုရောင်းကောင်း

မွန်ပြည်နယ်တွင် ကျပ် ၅၀၀ တန် ထီလက်မှတ်ထက် ကျပ် ၁၀၀၀ တန် ထီလက်မှတ်များ ရောင်းအားပိုကောင်းနေသည်ဟု ထီအရောင်းကိုယ်စားလှယ်တို့၏ ပြောပြချက်အရ သိရသည်။ မွန်ပြည်နယ်တွင် ကျပ် ၅၀၀ တန် ထီလက်မှတ်ရောင်းချသူ ကိုယ်စားလှယ် ၁၅၀၁ ဦးရှိပြီး ထီအုပ်ရေ...

ပေါင်ရှိ ပဒုမ္မာဆပ်ပြာစက်ရုံ ယာယီရပ်ဆိုင်းရန် မွန်ပြည်နယ်အစိုးရ ညွှန်ကြား

မွန်ပြည်နယ်၊ ပေါင်မြို့ရှိ ပဒုမ္မာ ဆပ်ပြာစက်ရုံကို ယာယီရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရမှ ညွန်ကြားထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ ပဒုမ္မာ ဆပ်ပြာစက်ရုံမှ ရေဆိုးစွန့်ပစ်မှုကြောင့် စက်ရုံပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးပြီး၊ ငါးများ သေဆုံးမှုရှိသည်ဟု ဒေသခံတို့၏ တိုင်ကြားမှုအရ သယံဇာတနှင့်...

ကဏန်းဖမ်းသူတစ်ဦး မိကျောင်း ကိုက်ခံရ၍ သေဆုံး

ဘုတ်ပြင်းမြို့နယ်တွင် ကဏန်းဖမ်းသူတစ်ဦး ဖေဖော်ဝါရီလ ၁၃ ရက်က မိကျောင်းကိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာ အနီးရှိ ချောင်းလက်တက်တစ်ခုအတွင်း ကဏန်းဖမ်းသည့် အသက် ၅၆ နှစ်အရွယ်ရှိ အမျိုးသားကို ကိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ခရီးစဉ်အတွင်း တိုင်စာ သုံးရာနီးပါးရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် ခရီးစဉ်အတွင်း တနင်္သာရီတိုင်းသားများက ပေးပို့သည့် တိုင်ကြားစာသုံးရာနီးပါးရှိကြောင်း သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများထံမှ သိရသည်။ မြိတ်မြို့ခရီးစဉ်တွင် တိုင်စာ ၁၃၁ စောင်၊ ကော့သောင်းမြို့ခရီးစဉ်တွင် ၇၀ စောင်နှင့် ထားဝယ်မြို့ခရီးစဉ်တွင် ၈၉ စောင်ရှိကြောင်း အထက်ပါရုံးများထံမှ သိရသည်။