မြန်မာနိုင်ငံသား ၆ ဦးပါ ငါးခိုးဖမ်းသည့် ထိုင်းဝါလပ်လှေကို တပ်မတော်(ရေ) သတိပေးပစ်ခတ်ပြီး ဖမ်း

တနင်္သာရီတိုင်းရေပြင်တွင် ငါးခိုးဖမ်း နေသည့် ထိုင်းဝါလပ်လှေကို ဇန်န၀ါရီလ ၁၃ ရက်က တပ်မတော်စစ်ရေယာဉ်မှ သတိပေးပစ်ခတ်ပြီး ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ဇန်န၀ါရီလ ၁၃ ရက် ည ၁၁ နာရီခွဲ ခန့်တွင် ပင်လယ်အတွင်း မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်နေသည့်...

ကျွဲကူးတွင် လူနေတန်းလျား နှစ်ဆောင် မီးလောင်

မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာတွင် လူနေတန်းလျားနှစ်ဆောင် မီးလောင်ကျွမ်းခဲ့သည်။ ဇန်န၀ါရီလ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ကျွဲကူးကျေးရွာ၊ ချမ်းမြေ့သာရီ ရပ်ကွက် သုံးခန်းတွဲ လူနေတန်းလျား နှစ်ဆောင် မီးလောင်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျွဲကူးနယ်မြေ မီးသတ်စခန်းထံမှ သိရသည်။ အခန်းတစ်ခန်းရှိ မီးဖို မီးကြွင်းမီး ကျန်မှတစ်ဆင့်...

ဥယျာဉ်ခြံအတွင်းကျသည့် လက်ပစ်ဗုံးများ ဖောက်ခွဲဖျက်ဆီး

မြိတ်ခရိုင်၊ ပလောက်မြို့ ၀ဇွမ်းအုပ် ကျေးရွာရှိ ဒေသခံများစိုက်ပျိုးထားသည့် ဥယျာဉ်ခြံအတွင်း တွေ့ရသည့် လက်ပစ်ဗုံးများကို  ဇန်န၀ါရီလ ၂၄ ရက် ညနေပိုင်းတွင် အမှတ်(၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ သွားရောက် ဖောက်ခွဲလိုက်ပြီဖြစ်ကြောင်း ဒေသခံ စောဆေးကဘောဒိုက ပြောသည်။ ဇန်န၀ါရီလ ၂၀ ရက်က အမှတ် ၁၂...

မြိတ်-တနင်္သာရီအဝေးပြေးလမ်းတွင် နွားကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်ပွား

မြိတ်-တနင်္သာရီအဝေးပြေးလမ်း တစ်လျှောက်တွင် လမ်းမပေါ်ရောက်နေသည့် နွားများကြောင့် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း ယာဉ်မောင်းအချို့နှင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။ လမ်းပေါ်ရောက်နေသည့် နွားများကို မြိတ်-တနင်္သာရီကားလမ်းတစ်လျှောက်ရှိ အင်္ဂမော်၊ ပသောင်း၊ မဇောနှင့် တုံးဗျော ကျေးရွာအုပ်စုတို့တွင် အများဆုံးတွေ့ရပြီး မဇောကျေးရွာအုပ်စုတွင် နွားကြောင့်ယာဉ် တိုက်မှုအများဆုံး ဖြစ်ပွားလေ့ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ မဇောကျေးရွာတွင်...

ကလိန်အောင်မြို့ ရေပေးဝေရေး ဇင်းဘာရွာမှ ရေသွယ်မည်

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ပေါ် ရပ်ကွက်များကို ရေပေးဝေရေးအတွက် ဇင်းဘာကျေးရွာရှိ ရေထွက်ပင်ရင်းမှ ရေသွယ်ပြီး ဖြန့်ဝေပေးရန် စီစဉ်နေကြောင်း ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောသည်။ ယင်းကဲ့သို့ ရေပေးဝေနိုင်ရေးအတွက် လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် တွင် ဘဏ္ဍာငွေရရှိရေးအတွက် ရေဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း...

ထားဝယ်ခရိုင်တွင် လျှပ်စစ်မီတာများ ဖေဖော်ဝါရီ ရနိုင်မည်

လျှပ်စစ်မီတာပြတ်လပ်နေသည့် ထားဝယ်ခရိုင်အတွက် ဖေဖော်ဝါရီလ ဝန်းကျင်တွင် မီတာများရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကဖြေဆိုထားကြောင်း ရေဖြူမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးသက်နိုင်ဦးက ပြော သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ဦးသက်နိုင်ဦးမေးထားသည့် ကြယ်ပွင့်မပြမေးခွန်းကို လျှပ်စစ်နှင့်...

ရွာရှင်နတ်ရုပ် အသစ်လဲသည့် အုပ်ချုပ်ရေးမှူးနှင့် ရွာသားခြောက်ဦးကို အရေးယူပေးရန် တရားရုံးတွင် ဦးတိုက်လျှောက်

သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင် ရပ်ကွက်တွင် ရွာရှင်နတ်ရုပ်အသစ်လဲခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ရွာသား ခြောက်ဦးကို အရေးယူပေးရန် မြို့နယ်တရားရုံးသို့ ဇန်န၀ါရီလ ၂၅ ရက်က ဦးတိုက်လျှောက်ထားခဲ့ကြောင်း လျှောက် ထားသူ ဦးဥာဏ်ဝင်း၏ အကျိုးဆောင်ရှေ့နေက ပြောသည်။ ဦးတိုက်လျှောက်ထားမှုကို သရက်ချောင်းမြို့နယ် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)ဖြင့်...

မွန်တွင် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒေသလိုင်စင် ပြုလုပ်ပေးမည်

စည်းကမ်းရှိရှိနှင့် တရားဝင်မောင်းနှင် စီးနင်းနိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒေသလိုင်စင် ပြုလုပ်ပေးရန် စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ မွန်ပြည်နယ်တွင် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စည်းကမ်းမဲ့မော်တော်ယာဉ်များအား ဖမ်းဆီး အရေးယူနေသည့် စီမံချက် (လင်းယုန်စီမံချက်)နှင့် ပတ်သက်ပြီး ဇန်န၀ါရီလ ၂၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ...

ဆားကြမ်းထုတ်လုပ်မှု စရိတ်မြင့်တက်

မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းများ ဆားအထွက်လျော့နည်းခြင်းနှင့် အထွေထွေကုန်ကျစရိတ်ကြီးမြင့်လာခြင်းကြောင့် ဆားကြမ်းထုတ်လုပ်မှုစရိတ် တစ်နှစ်ထက်တစ်နှစ် ပိုမြင့်လာသည်ဟု ပြည်နယ် အတွင်းရှိ ဆားတောင်သူတို့ထံမှ သိရ သည်။ ရာသီဥတုကြောင့် ဆားအထွက်လျော့နည်းလာခြင်း၊ အလုပ်သမားလုပ်အားခ ကြီးမြင့်လာခြင်းနှင့် ဆားလုပ်ငန်းတွင် အဓိက အသုံးပြုနေရသည့် စက်သုံးဆီဈေး မြင့်တက်လာခြင်းတို့ကြောင့် ဆားကြမ်း ထုတ်လုပ်မှုစရိတ်သည်လည်း မြင့်တက် လာပြီး...

မွန်ပါတီ မြို့နယ်အဆင့် ပေါင်းစည်းရေး ရက်ပိုင်းအတွင်း ပြီးမည်

မွန်နိုင်ငံရေးပါတီများ၊ မွန်နိုင်ငံရေး အင်အားစုများ ပေါင်းစည်းတည်ထောင်မည့် မွန်ညီညွတ်ရေးပါတီ၏ မြို့နယ်အဆင့် ပေါင်းစည်းရေးကို မြို့နယ် ၇ မြို့နယ်တို့တွင် ဆောင်ရွက်ထားပြီးဖြစ်ကာ ရက်ပိုင်းအတွင်း အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။ ပါတီဗဟိုအဆင့် ပေါင်းစည်းရေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်အဆင့်ပေါင်းစည်း ရေးကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် ရေး၊...