မြိတ်တွင် နှာခေါင်းစည်းအခုရေ တစ်သိန်း အခမဲ့ဖြန့်ဝေ

မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Face Mask)အခုရေ တစ်သိန်းအား စက်တင်ဘာလ ၁၁ ရက်နေ့မှစပြီး ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးနေကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးဦးထံမှ သိရသည်။ အဆိုပါ နှာခေါင်းစည်းများအား...

အကျဉ်းထောင်များအတွင်း ဖုန်းလိုင်းဖြတ်ကိရိယာ တပ်ဆင်ထားဟုဆို

တိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုတွင် ဖုန်းလိုင်းဖြတ်တောက်သည့် ကိရိယာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းခိုင်က ပြောကြားသည်။ တိုင်းနှင့်ပြည်နယ်များရှိ (က)အဆင့်နှင့် (ခ)အဆင့်ရှိ အကျဉ်းထောင်အချို့တွင် လက်ကိုင်ဖုန်း အသုံးပြုမှုရပ်တန့်စေရန် လိုင်းဖြတ်စက်များကို ယခု ဘဏ္ဍာနှစ်တွင်...

တိုင်းအတွင်း ဝန်ထမ်းများအတွက် ကျပ်သန်းတစ်ထောင်ကျော် ထုတ်ချေးမည်

ကိုဗစ်ကပ်ဘေး သက်ရောက်မှုအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများကို အခြေခံလစာနှုန်း၏ နှစ်လစာထုတ်ချေးမည်ဟု ပြည်ထောင်စု ဝန်ကြီးဌာနက သြဂုတ်လကုန်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ချေးမည်ဆိုပါက တနင်္သာရီတိုင်းအစိုးရ၏ ဘဏ္ဍာငွေခွဲတမ်း တွင် ပါဝင်သည့် ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် ငွေကျပ်သန်းပေါင်း...

ဓာတ်ခွဲနမူနာယူထားသူတစ်ဦး အဖြေမသိရသေးခင် ကွာရန်တင်းစခန်းမှထွက်ပြေး

ကွာရန်တင်းဝင်နေသူတစ်ဦး ကိုဗစ်ဓာတ်ခွဲမူနာယူထားပြီး အဖြေမသိရသေးခင် ဒီနေ့(စက်တင်ဘာ ၁၇) နံနက်ပိုင်းက ထွက်ပြေးသွားခဲ့ကြောင်း ယင်းစောင့်ကြည့်ရေးစခန်း တာဝန်ခံ ဦးသန့်လွင်က ပြောသည်။ ယင်းအမျိုးသားသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး လောင်းလုံးမြို့၊ မိုးကုတ်ရိပ်သာတွင် ကွာရန်တင်းဝင်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သည်။စက်တင်ဘာလ ၁၆...

ကရင်ပါတီ ဝင်မပြိုင်သည့်နေရာတွင် မွန်နှင့် ပအိုဝ်းပါတီတို့ကို မဲပေးရန် ကရင်လူငယ်ကွန်ရက် တိုက်တွန်း

ကရင်နိုင်ငံရေးပါတီ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်တို့တွင် မွန်လူမျိုးကိုယ်စားပြု မွန်ပါတီနှင့် ပအိုဝ်း လူမျိုးကိုယ်စားပြု ပအိုဝ်းပါတီတို့ကို မဲပေးကြရန် ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်)က တိုက်တွန်းလိုက်သည်။ တိုင်းရင်းသားတို့၏အရေး၊ တိုင်းရင်းသားတို့၏ ပြဿနာကို တိုင်းရင်းသားတို့ကသာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီများကို...

လောင်းလုံးဆေးရုံအဆောင်သစ် ယခုလကုန် စသုံးမည်

ယခင်လောင်းလုံးမြို့နယ်ဆေးရုံအဆောင်အဟောင်း အနောက်ဘက်တွင် တည်ဆောက်ထားသည့် နှစ်ထပ်ဆေးရုံ အဆောင်အသစ်ကို ယခုလကုန်တွင် စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း ယင်းဆေးရုံအုပ် ဒေါက်တာမင်းညွန့်ဝင်း က ပြောသည်။ လက်ရှိအသုံးပြုနေဆဲ အဆောင်အဟောင်းရှိ ဓာတ်ခွဲခန်း၊ လူနာအဆောင်များမှာ ဟောင်းနွမ်းပြီး ကျပ်တည်းနေသဖြင့် အဆောင်အသစ်ကို ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း...

ဖျားနာဆေးကုသခန်း ဖွင့်လှစ်သည့် သုံးလတာတွင် လူနာဦး‌ရေ ရှစ်ရာဦး‌ကျော် ကုသပေးခဲ့

မြိတ်မြို့ မြို့သစ်ရပ်ကွက်တွင် ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ဖျားနာ အခမဲ့ဆေးကုသခန်း (Fever Client 4) တွင် သုံးလကြာအထိ လူနာဦး‌ရေ ရှစ်ရာဦး‌ကျော် ဆေးဝါးများ ကုသပေးနိုင်ခဲ့ကြောင်း ယင်းဆေးခန်း ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်ကြောင့် ကွန်ပျူတာရောင်းအားတက်

ကိုဗစ်ကာလအတွင်း ကွန်ပျူတာ ရောင်းအားမှာ မြင့်တက်ခဲ့ကြောင်း ထားဝယ်မြို့ အီလက်ထရောနစ်ဈေးကွက်မှ စုံစမ်းသိရှိရသည်။ ကိုဗစ်ကာလတွင် အွန်လိုင်းဆွေး နွေးပွဲများနှင့် အွန်လိုင်းမှ စာသင်ကြားမှုများကြောင့် ကွန်ပျူတာဝယ်ယူအသုံးပြုသူမှာ ကိုဗစ်မဖြစ်ခင်ကထက် ၇၅ ရာခိုင်နှုန်းခန့်အထိ ရောင်းအားတက် လာကြောင်း DCOM...

ရေဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် ဖျက်ဆီးခံရ

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ အုပ်စု၊ သဗြေဇွန်းရွာတွင် ဘုန်းကြီးကျောင်းအနီး စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တစ်ခုမှာ စက်တင်ဘာလ ၁၁ ရက်ည ဆယ်နာရီ ဝန်းကျင်တွင် ဖျက်ဆီးခံလိုက်ရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ စက်တင်ဘာလ ၁၀ ရက်က...

တက္ကသိုလ် ဆရာ၊ ဆရာမများကို ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာ၊ ဆရာမများကို ဆရာများ သမဂ္ဂကွန်ရက်မှ ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယင်း သမဂ္ဂထံမှ သိရသည်။ သာမန် ဖျားနာမဟုတ်သည့် နည်တာရှည်ရောဂါ၊ ခွဲစိတ်ကုသရန်လို အပ်သောရောဂါများနှင့် ဆေးရုံ၊ ဆေးခန်းသို့...