မြိတ်တွင် နှာခေါင်းစည်းအခုရေ တစ်သိန်း အခမဲ့ဖြန့်ဝေ

0
276

မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Face Mask)အခုရေ တစ်သိန်းအား စက်တင်ဘာလ ၁၁ ရက်နေ့မှစပြီး ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးနေကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးဦးထံမှ သိရသည်။

အဆိုပါ နှာခေါင်းစည်းများအား ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသည့် ငွေဇင်ယော်၊ ခိုင်ဇင်ယော်၊ ခိုင်လင်းစိုးနှင့် သီတာအေး စသည့် ငါးဖမ်းစက်လှေအုပ်စုတို့မှ လှူဒါန်း ပေးထားခြင်းဖြစ်သည်။

ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင်

နှာခေါင်းစည်းများအား အခမဲ့ ဖြန့်ဝေပေးခဲ့သော်လည်း တပ်ဆင်မှု နည်းပါးနေဆဲဖြစ်ကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးစိုးဦးက ပြောပြသည်။

ကရုဏာအသင်းအနေဖြင့် စက်တင်ဘာလအစမှ စပြီး ယာဉ်နှင့် လူသွားလာများသည့် လမ်းဆုံလမ်းခွများ၊ ဈေးတို့တွင် နှာခေါင်းစည်းစုစုပေါင်း အခုရေရှစ်သောင်းနီးပါးအား ပေးဝေခဲ့ပြီးဖြစ်သည်။

အလှူရှင်များမှ လှူဒါန်းထားသည့် နှာခေါင်းစည်းအခုရေ တစ်သိန်းအနက် ကျန်ရှိနေသည်များကို ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကရုဏာအသင်း ၎င်းက ပြောပြသည်။ ထို့ပြင် ကရုဏာအသင်းရုံးရှိသည့် ဇေယျာသီရိ ၄ ရပ်ကွက် အောင်သပြေလမ်းတွင် နှာခေါင်းစည်းတစ်ခုလျှင် ငွေသုံးဆယ် ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း ယင်းအသင်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)