ကိုဗစ်ကြောင့် ကွန်ပျူတာရောင်းအားတက်

0
664

ကိုဗစ်ကာလအတွင်း ကွန်ပျူတာ ရောင်းအားမှာ မြင့်တက်ခဲ့ကြောင်း ထားဝယ်မြို့ အီလက်ထရောနစ်ဈေးကွက်မှ စုံစမ်းသိရှိရသည်။

ကိုဗစ်ကာလတွင် အွန်လိုင်းဆွေး နွေးပွဲများနှင့် အွန်လိုင်းမှ စာသင်ကြားမှုများကြောင့် ကွန်ပျူတာဝယ်ယူအသုံးပြုသူမှာ ကိုဗစ်မဖြစ်ခင်ကထက် ၇၅ ရာခိုင်နှုန်းခန့်အထိ ရောင်းအားတက် လာကြောင်း DCOM ကွန်ပျူတာ အရောင်းဆိုင်ပိုင်ရှင် ဦးရန်ပိုင်က ပြောသည်။

“ရှင်းရှင်းပြောမယ်ဆိုရင် ပစ္စည်းက ကုမ္ပဏီက သွင်းကို မနိုင်ဘူးတော့ဘူး ပေါ့နော်။ ကျွန်တော်တို့ လုနေရတဲ့အဆင့် ထိ ဖြစ်သွားတယ်ပေါ့နော်” ဟု ဦးရန်ပိုင် က ဆိုသည်။

ကိုဗစ်မဖြစ်ခင်က တစ်လလျှင် အလုံး ၃၀ ဝန်းကျင်ခန့်သာ ‌ရောင်းရသော်လည်း ကိုဗစ် ပထမလှိုင်းမှ စတင်ကာ ပစ္စည်း ရောက်လာသည်နှင့် ကုန်နေသဖြင့် အလုံးရေကို ခန့်မှန်း၍မရကြောင်း ၎င်းက ပြောသည်။

၀ဥဈေး ကျပ်သုံးရာခန့် ကျ

“ဝယ်သမားကများပြီး ကျွန်တော်တို့က ပေးမနိုင်ဘူးဖြစ်နေတယ်” ဟု ဦးရန်ပိုင်က ဆိုသည်။

ရောင်းရအများဆုံးမှာ ရုံးသုံး၊ စာစီစာရိုက်သုံးသည့် အနိမ့်အဆင့်များဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းဆရာ၊ ဆရာမများက အများစု ဝယ်ယူကြခြင်း ဖြစ်သည်။

လူတိုင်းလက်ထဲတွင် မိုဘိုင်းဖုန်းများ ပြည့်နေသော်လည်း ဖုန်းဖြင့်သုံး၍ အဆင်မပြေသည့်အရာများကြောင့် ကွန်ပျူတာများ ရောင်းအားတက်လာ ခြင်းဖြစ်သည်။

ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းဆရာ၊ ဆရာမများ ဝယ်ယူမှုများသည်ဟု ဦးရန်ပိုင်က ပြောသည်။

ကိုဗစ် ဒုတိယလှိုင်းတွင် ကျောင်းများ ပြန်ပိတ်လိုက်ရသဖြင့် ရောင်းအားပြန်တက်လာသည်ဟု ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ Kwee La Min ကွန်ပျူတာဆိုင်မှ ဆိုင်တာဝန်ခံ ကိုမျိုးနိုင်ဝင်းက က ပြောသည်။

“ဒီဘက်လတွေမှာတော့ နည်းနည်း လေးပိုများမယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ယခင် ကိုဗစ်မဖြစ်ခင်က တစ်လလျှင် ကွန်ပျူတာ အလုံးရေ ၄၀ မှ ၆၀ ခန့်ပုံမှန်ရောင်းနေရပြီး သင်တန်းကျောင်း မှ ပစ္စည်းမှာ ယူသူများရှိပါက အလုံးရေ ၁၀ဝ ကျော်အထိ ရောင်းရသည်ဟု ၎င်းက ပြောသည်။

ကျပ်နှစ်သိန်းတန်မှ လေးသိန်းတန်များ ပိုရောင်းလာရသည်ဟု ၎င်းက ပြောသည်။

၎င်းဆိုင်တွင် Brand New ကွန်ပျူတာအပြင် တစ်ပတ်ရစ်ကွန်ပျူတာများကိုလည်း ရောင်းချသည်ဟု ကိုမျိုးနိုင်ဝင်း က ပြောသည်။

မိုးမြင့်