တိုင်းအတွင်း ဝန်ထမ်းများအတွက် ကျပ်သန်းတစ်ထောင်ကျော် ထုတ်ချေးမည်

0
221

ကိုဗစ်ကပ်ဘေး သက်ရောက်မှုအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများကို အခြေခံလစာနှုန်း၏ နှစ်လစာထုတ်ချေးမည်ဟု ပြည်ထောင်စု ဝန်ကြီးဌာနက သြဂုတ်လကုန်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ချေးမည်ဆိုပါက တနင်္သာရီတိုင်းအစိုးရ၏ ဘဏ္ဍာငွေခွဲတမ်း တွင် ပါဝင်သည့် ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် ငွေကျပ်သန်းပေါင်း ၁၃၀ဝ ခန့် လိုအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီး ဌာနထံမှ သိရသည်။

တက္ကသိုလ် ဆရာ၊ ဆရာမများကို ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်

တိုင်းအစိုးရဖွဲ့၏ ဘဏ္ဍာငွေခွဲတမ်းတွင် ပါဝင်သည့် ဌာနအဖွဲ့အစည်း ၂၆ ခုရှိပြီး ဝန်ထမ်းဦးရေ သုံးထောင်နှင့် လေးထောင်ကြားရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

၎င်းတို့မှာ တရားလွှတ်တော်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လမ်းဦးစီးဌာန စသည့်ဌာနများ ဖြစ်သည်။

တိုင်းအစိုးရအောက်ရှိ ဌာနများမှ ချေးငွေပမာဏနှင့် စာရင်းများကို ရသုံးမှန်းခြေဌာန တိုင်းအဆင့်မှတစ်ဆင့် ရုံးချုပ်ထံ တင်ပြရကြောင်း ယင်းဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေလင်းထက် က ဆိုသည်။

ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင်

“လောလောဆယ်တော့ (ချေးငွေ) မရသေးဘူး။ အောက်တိုဘာလ တစ်ရက် နေ့လောက်မှ ရမယ်လို့ ထင်ရတယ်” ဟု ဦးနေလင်းထက်က ပြောသည်။

နိုင်ငံ့ဝန်ထမ်းချေးငွေကို အတိုးမဲ့ ထုတ်ချေးမည်ဖြစ်ပြီး ဆိုင်းငံ့ကာလ ခြောက်လသတ်မှတ်ထားပြီး ပြန်ဆပ်ရ မည့်ကာလကို တစ်နှစ် သတ်မှတ်ထားသည်။

Dawei Watch