တက္ကသိုလ် ဆရာ၊ ဆရာမများကို ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်

0
327

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာ၊ ဆရာမများကို ဆရာများ သမဂ္ဂကွန်ရက်မှ ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယင်း သမဂ္ဂထံမှ သိရသည်။

သာမန် ဖျားနာမဟုတ်သည့် နည်တာရှည်ရောဂါ၊ ခွဲစိတ်ကုသရန်လို အပ်သောရောဂါများနှင့် ဆေးရုံ၊ ဆေးခန်းသို့ တက်ရောက်ကုသရန်လိုအပ်သော ရောဂါများအတွက် ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ကြောင်း ဆရာများသမဂ္ဂ ကွန်ရက် ဒုဥက္ကဋ္ဌ ဦးလှိုင်တင့်က ပြောသည်။

မြိတ်ခရိုင် ၈၈ မျိုးဆက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေး

“စတင်နိုင်မယ့် အချိန်ကတော့ အောက်တိုဘာငါးရက်နေ့ပေါ့။ ကမ္ဘာ့ ဆရာများနေ့မှာ ဒီအစီအစဉ်ကို စတင် နိုင်ဖို့ လျာထားပါတယ်။ အရင်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တော့ လုပ်ရပါမယ်” ဟု ဦးလှိုင်တင့်က ပြောသည်။

တက္ကသိုလ် ဆရာ၊ ဆရာမအများစုမှာ ကျန်းမာရေးမကောင်းပါက ငွေကုန် ကြေးကျများသဖြင့် ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီ သွားရောက်ပြသခြင်း၊ ကုသခြင်း များမရှိသဖြင့် အခြားရောဂါများပါ ဝင်လာပြီး မသွားမဖြစ်နေရသည့်အခါမှသာ သွားကြသည်ကို စစ်တမ်းအရ သိရကြောင်း ၎င်းက ဆိုသည်။

ကျန်းမာရေးစရိတ် ထောက်ပံ့ကြေးကို တစ်ဦးလျှင် ကျပ်ငါးသောင်း ထောက်ပံ့ရန် ကနဦး သတ်မှတ်ထားပြီး ရန်ပုံငွေရရှိသည့် ငွေပမာဏပေါ်မူ တည်ကာ ထောက်ပံ့ကြေးကို တိုးမြှင့် သတ်မှတ်သွားရန်ရှိသလို ရန်ပုံငွေ တောင့်တင်းမှုအပေါ်မူတည်ကာ ဆေးရုံ တက်ကုသရသည့် ဆရာ၊ ဆရာမများကို ဆေးဖိုးဝါးခ၏ ၅၀ ရာခိုင်နှုန်းအား တစ်နှစ်ကြာ အရစ်ကျစနစ်ဖြင့် ပြန်ဆပ်နိုင်မည့် ချေးငွေထုတ်ပေးရန်ကိုလည်း မျှော်လင့်ထားသည်။

ကျန်းမာရေးအကျိုးခံစားခွင့်ရယူလိုပါက ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ဝင်ရမည်ဖြစ်ပြီး ငွေကျပ် တစ်ထောင်ကို လစဉ်ထည့်ဝင်ရမည်ဖြစ်သည်။

အဖွဲ့ဝင်ထားသူ ဆရာ၊ ဆရာမများမှာ ကျန်းမာရေးထောက်ပံ့ငွေ၊ ကျန်းမာရေး စရိတ်ချေးငွေ၊ ကျန်းမာရေးအာမခံစနစ်များအပြင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် တစ်နှစ်တစ်ကြိမ် ကျန်းမာရေး စစ်ဆေးခြင်း အကျိုးခံစားခွင့်များကိုပါ ရရှိမည်ဖြစ်သည်။

ကိုဗစ်ကန့်သတ်ချက်အချို့ ထပ်တိုး

ကျန်းမာရေးထောက်ပံ့စရိတ် အတွက် ရန်ပုံငွေကို တစ်နိုင်ငံလုံးရှိ ဆရာများသမဂ္ဂအဖွဲ့ဝင်များ၊ ဆရာများ သမဂ္ဂကွန်ရက် ဦးဆောင်ကော်မတီဝင်များ၊ သက်ဆိုင်ရာ ပါမောက္ခချုပ်များ၊ တက္ကသိုလ် ဆရာ၊ ဆရာမများမှ ထည့်ဝင်ငွေဖြင့် ရန်ပုံငွေတစ်ရပ် ထူထောင်ထားပြီး ထပ်မံ၍ တက္ကသိုလ်နှင့် ဆက်စပ်သည့် လုပ်ငန်းများ၊ အဖွဲ့အစည်းများသို့ မေတ္တာရပ်ခံ အလှူခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရှာသည့် လှုပ်ရှားမှုများလည်း ပြုလုပ်သွားရန်ရှိကြောင်း ဦးလှိုင်တင့်က ပြောသည်။

ကျန်းမာရေးထောက်ပံ့မှု အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာနများ ညှိနှိုင်းတင်ပြထားပြီး ထောက်ပံ့မှုအစီအစဉ်နှင့် ပတ်သက်၍ တက္ကသိုလ်သို့ သွားရောက်ကာ စက်တင်ဘာလတွင် လိုက်လံရှင်းပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအစီအစဉ်ကို နိုင်ငံအတွင်းရှိ တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ၄၈ ကျောင်းနှင့် ပညာရေးကောလိပ် ၂၅ ကျောင်းတွင် စတင်အကောင်အထည်ဖော်မည် ဖြစ်သည်။

မိုးမြင့်