မြိတ်ခရိုင် ၈၈ မျိုးဆက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေး

0
464

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို မြိတ်ခရိုင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းက ဦးဆောင်ပြီး စက်တင်ဘာ လ ၅ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့အစည်း၏ လူထုဆက်ဆံရေး တာဝန်ခံ ဦးလှမော်ထံမှ သိရသည်။

အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ဆောင်ပုဒ်များ၊ ရွေးကောက်ပွဲဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ၊ ရွေးကောက်ပွဲဥပဒေအကြောင်းနှင့် ခိုင်လုံမဲနှင့်ပတ်သက်သည့်အကြောင်းအရာများပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

မြိတ်ဆေးရုံကြီးတွင် ကိုဗစ်ပိုး စစ်ဆေးနိုင်တော့မည်

ထို့ပြင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအရေအတွက်၊ ပါတီတို့၏ ခေါင်းဆောင်၊ ပါတီအသီးသီးတို့၏ ကိုယ်စားပြု အမှတ်တံဆိပ်နှင့် နောက်ခံအချက်အလက် စသည်တို့အား ကွဲကွဲပြားပြားဖြစ်စေရန် ရှင်းလင်းပြောပြပေးခဲ့ကြောင်း လူထုဆက်ဆံရေး တာဝန်ခံ ဦးလှမော်က ပြောပြသည်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးဆွေးနွေးခြင်းကို ရပ်ကွက်၊ ကျေးရွာတို့ရှိ မဲဆန္ဒရှင်များအား ဟောပြောရှင်း လင်းခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲရက် မတိုင်မီအချိန်ထိ ပြုလုပ်သွားရန်လည်း ယင်းအဖွဲ့က စီစဉ်ထားသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ခဲ့ပြီး တက္ကသိုလ် ကျောင်းသားလူငယ်တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း ၈၈ မျိုးဆက်/ငြိမ်းပွင့်မှ သိရ သည်။

ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

Dawei Watch