ကိုဗစ်ကန့်သတ်ချက်အချို့ ထပ်တိုး

0
547

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှု မြင့်တက်လာချိန်တွင် တနင်္သာရီတိုင်းအတွင်းအတွင်လည်း ကိုဗစ်ကန့် သတ်ချက်စည်းကမ်းများကို ထပ်မံတိုး မြှင့်လိုက်သည်။

ယခင်က တိုင်းအတွင်းသို့လာ ရောက်ပါက ကိုဗစ်ဖြစ်ပွားမှုများသည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်း Stay at Home (နေအိမ်တွင်သာနေ ထိုင်ရန်) သတ်မှတ်ထားသည့် မြို့နယ် အချို့မှ လာသူများကိုသာ စောင့်ကြည့်စခန်းတွင် သတ်မှတ်ရက်အတိုင်းနေထိုင်ရန် သတ်မှတ်ထားသည်။

ပြည်တွင်းလေကြောင်းလိုင်းများ အားလုံး စက်တင်ဘာလကုန်ထိ ယာယီရပ်ဆိုင်း

သို့ရာတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ မည်သည့် မြို့နယ်မှ လာရောက်သည်ဖြစ်စေ တနင်္သာရီတိုင်းသို့ ဝင်ရောက်လာသူ အားလုံးအား စောင့်ကြည့်စခန်းတွင် ၁၄ ရက်ကြာနေထိုင်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် တိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

စောင့်ကြည့်စခန်းတွင် နေထိုင်စဉ် ကိုဗစ်ရောဂါရှိ/ မရှိ နှစ်ကြိမ်ဓာတ်ခွဲစစ် ဆေးမည်ဖြစ်ပြီး ပိုးမတွေ့မှသာ နေအိမ် တွင် ခုနစ်ရက်ကြာ နေထိုင်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ရောဂါကူးစက်မှုမရှိသေးသည့် အခြားမြို့နယ်မှလာသူများကိုလည်း မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမည်ဖြစ်ပြီး ရောဂါသံသယ လက္ခဏာမရှိသူကိုသာ မြို့အတွင်း ဝင်ခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။

အထက်ပါ ကန့်သတ်ချက်များအပြင် တိုင်းအတွင်းသို့ ခရီးသည်တင် မှန်လုံယာဉ်များကို ပြေးဆွဲမှုကန့်သတ်ရေးအတွက် ကိုဗစ်ဗဟိုကော်မတီထံ စက်တင်ဘာလ ၉ ရက်နေ့က တင်ပြထားကြောင်း တိုင်းဒေသကြီးကိုဗစ်ကော် မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

ထားဝယ်ဈေးများတွင် ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်ရန် စေတနာ့ဝန်ထမ်းခေါ်

အဆိုပါကန့်သတ်မှုတွင် ခရီးသည်တင် မှန်လုံကားကြီးများ ပြေးဆွဲခွင့် မပြုရန်၊ အိမ်စီးကားတစ်စီးလျှင် ယာဉ်မောင်းသူ အပါအဝင် ငါးဦးသာ စီးနင်းရန် အစရှိသည့် အချက်များပါဝင်သည်။

လူစီးကားနှင့် ပတ်သက်၍ တိုင်း ကိုဗစ်ကော်မတီ၏ တားမြစ်အမိန့်စတင် ထုတ်ပြန်ချိန်မှ နှစ်ရက်အကြာတွင် အဝေးပြေးယာဉ်လိုင်းများကို ပိတ်မည်ဖြစ်သည်။

ယင်းသို့လုပ်ရခြင်းမှာ ခရီးသွားလာရန် လက်မှတ်ဝယ်ပြီးပါက ပြည်သူများ နစ်နာနိုင်သည့်အတွက်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

သို့ရာတွင် ကုန်စည်စီးဆင်းမှုအတွက် ကုန်တင်ကားများကိုမူ ပုံမှန်အတိုင်းပြေးဆွဲခွင့်ပြုမည်ဖြစ်ပြီး ကုန်တင်ယာဉ်တစ်စီးလျှင် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးသာ ခွင့်ပြုရန် တင်ပြထားကြောင်း ၎င်းက ပြောသည်။

Dawei Watch