လောင်းလုံးဆေးရုံအဆောင်သစ် ယခုလကုန် စသုံးမည်

0
511

ယခင်လောင်းလုံးမြို့နယ်ဆေးရုံအဆောင်အဟောင်း အနောက်ဘက်တွင် တည်ဆောက်ထားသည့် နှစ်ထပ်ဆေးရုံ အဆောင်အသစ်ကို ယခုလကုန်တွင် စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း ယင်းဆေးရုံအုပ် ဒေါက်တာမင်းညွန့်ဝင်း က ပြောသည်။

လက်ရှိအသုံးပြုနေဆဲ အဆောင်အဟောင်းရှိ ဓာတ်ခွဲခန်း၊ လူနာအဆောင်များမှာ ဟောင်းနွမ်းပြီး ကျပ်တည်းနေသဖြင့် အဆောင်အသစ်ကို ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ဒေါက်တာ မင်းညွန့်ဝင်းက ပြောသည်။

မြန်မြန် လာခေါ်ကြပါ

ယင်းဆေးရုံသည် ၂၅ ကုတင်ဆံ့ ဆေးရုံတစ်ခုဖြစ်သော်လည်း အဆောင်အသစ်ကို စတင်အသုံးပြုပါက ယင်း ပမာဏထက် လူနာဦးရေတိုးပြီး ကုသနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဆောင်အသစ်က ခပ်ကျယ်ကျယ် ဝန်းဝန်းလေးနဲ့ တော်တော်ကြီးကြီး မားမားလေးပါ” ဟု ၎င်းကဆိုသည်။

အဆောင်အဟောင်းတွင်မူ ပြည်သူ့ကျန်းမာ၊ အစည်းအဝေးခန်းမ၊ သွားဆေးကုခန်း၊ ပစ္စည်းသိုလှောင်ရုံ စသည့်ဖြင့် ဆက်လက်အသုံးပြုမည်ဖြစ်သည်။ ဆေးရုံ အဆောင်အသစ်နှင့်အတူ လေးခန်းတွဲ သုံးထပ် သူနာပြုအဆောင်အသစ်တစ်ခုလည်း အသုံးပြုရတော့မည်ဖြစ်သည်။

နောက်ထပ်လည်း ဝန်ထမ်းအဆောင်တစ်ခုကို လောင်းလုံးဆေးရုံတွင် ဆောက်ရန်ရှိနေသေးသည်။

ယင်းဆေးရုံကုသရေး အဆောင်အသစ်ကို ရန်ပုံငွေ ကျပ်သိန်းပေါင်းလေး ထောင်ကျော် (၄၄၇၂ သိန်း)နှင့် သူနာပြု အဆောင်ကို ကျပ်သိန်းပေါင်းသုံးထောင် ကျော်(၃၀ဝ၇) အကုန်ကျခံပြီး တည်ဆောက်ထားခြင်းဖြစ်သည်။

ကျော်သူစိုး