ဘီးလင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကျေးရွာ အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အလူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က အမည်မသိသေနတ်သမားတို့က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ထားဝယ်မြို့အဝင်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ယာဉ်နောက်လိုက်ဒဏ်ရာရ

ထားဝယ်မြို့အဝင် ဇဟာရွာလမ်းပိုင်းတစ်နေရာတွင် ယနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်နောက်လိုက်တစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၁၈) မွန်းလွဲ ၂နာရီခန့်တွင် မွန်ပြည်နယ် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့...

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ် ကျပ်ရှစ်ဆယ်ကျော်ဈေးတက်

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ငွေကျပ်ရှစ်ဆယ်ကျော် ဈေးတက်သွားကြောင်း လျှပ်စစ်သုံးစွဲသူအချို့ထံမှ သိရသည်။ ဩဂုတ်လအတွက် သုံးစွဲထားသည့် လျှပ်စစ်မီတာခအပေါ် တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင်လအတွက် မီတာခကောက်ခံချိန်က တစ်ယူနစ်လျှင် ၃၄၂ ကျပ် ကောက်ခံခဲ့ပြီး...

တိပိဋကယောဆရာတော်ကြီး တည်ထောင်ထားသော မေတ္တာဆေးရုံ ရှာဖွေစီးနင်းခံရ

တိပိဋကယောဆရာတော်ကြီး၏ မွေးဖွားရာဇာတိ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လက်ပန်ရွာတွင်ဖွင့်လှစ်ထားသော " တိပိဋကမေတ္တာဆေးရုံ " ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့သူ ဒေသခံများကဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့မနက် ၉ နာရီခွဲခန့်တွင်...

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရာဇဝတ်မှုသက်သေများ...
Myeik Electric

မြိတ်တွင် လျှပ်စစ်မီတာခဈေးထပ်တက်၊ တစ်ယူနစ် ၁၁၀၀ ကျော်သွားပြီ

မြိတ်မြို့တွင် လျှပ်စစ်မီတာခဈေးနှုန်းမှာ ဩဂုတ်လအသုံးပြုခအတွက် ကောက်ခံရာတွင် တစ်ယူနစ် ကျပ် ၂၀၀ကျော် ဈေးမြင့်တက်သွားသဖြင့် တစ်ယူနစ်လျှင့် ၁၁၅၃ ကျပ်အထိ ပေးဆောင်နေရပြီဖြစ်ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။ ဇူလိုင်လအတွက် တစ်ယူနစ်လျှင် ၉၄၇ ကျပ် ကောက်ခံခဲ့ရာမှ...

ထိုင်းတွင် နဘုလယ်ဒေသခံတစ်ဦး အသတ်ခံရ

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်တွင် ထိုင်းနိုင်ငံသား လူရမ်းကားတစ်စုက ဓါးထိုးသတ်ဖြတ်မှုကြောင့် ထားဝယ်ခရိုင် နဘုလယ် ဒေသခံမြန်မာအလုပ်သမားတစ်ဦး သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ စက်တင်ဘာလ ၁၅ရက်နေ့ ညနေပိုင်း ဘောလုံးကန်ရာမှအပြန် ဈေးဖွင့်ပွဲတစ်ခုတွင် ကခုန်နေရင်း ထိုင်းနိုင်ငံသား တစ်ဦးနှင့်...

ပုလောကုန်းရွာ တစ်မိုင်တောင်စစ်ဆေးရေးဂိတ် နှစ်ရက်ဆက် တိုက်ခိုက်ခံရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းရွာရှိ တစ်မိုင်တောင် စစ်ဆေးရေးဂိတ် နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း အတိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တစ်မိုင်တောင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့ ဂိတ်ဖွင့်တပ်စွဲထားပြီး စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆...

သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁၇) နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၄၀ကျော်အရွယ် ဦးဇော်ဦးဆိုသူဖြစ်ပြီး ယနေ့နံနက် ၇နာရီခန့်တွင် လက်နက်ကိုင် လူတစ်စုက...

ဖမ်းဆီး‌ခေါ်ဆောင်ခံရသည့် ဘဝပင်ရွာသားကို သေဆုံးလျှက်ပြန်တွေ့

ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအုပ်စု ဘဝပင်ရွာတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားကို သေဆုံးလျှက်ပြန်တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ဘဝပင်ရွာ ကျောက်သေတ္တာတောင်တွင် ပြည်သူကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် ကျေးရွာဘုန်းကြီးကျောင်းနှင့်...