Myeik

မြိတ်တွင် အုပ်ချုပ်ရေးမှူးများ တစ်ပတ်အတွင်းနုတ်ထွက်ရန် နောက်ဆုံးအကြိမ်သတိပေးသည်ဟု ပကဖဆို

မြိတ်တွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများ တစ်ပတ်အတွင်း နုတ်ထွက်ပေးရန် သတိပေးကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်သည်။

ပုလော ပြည်ထောင်စုလမ်းပေါ် ကျေးရွာများ လူမရှိတော့

မြိတ်ခရိုင်၊ ပုလော၊ ပလ ပြည်ထောင်စုလမ်းပေါ်တွင် ရှိသည့်ကျေးရွာများ လက်ရှိအချိန်တွင် နေထိုင်သူ မရှိတော့ကြောင်း ဒေသခံများနှင့် ခရီးသည်များ ထံမှသိရသည်။ ပြည်ထောင်စုလမ်းပေါ်ရှိ ကြဲ၊စက်တော်ရာ၊တပို၊ ဇရပ်ဆိပ်၊မိန်းမမြို့၊ မင်းပြင်၊တို၊ သင်္ကန်းတော၊တန်းရှင်း စသည့်ကျေးရွာ ဆယ်ရွာခန့်တွင် နေအိမ်များပိတ်ထားကြပြီး နေထိုင်ကြသူ...

မြိတ်အကျဥ်းထောင်မှ အကျဥ်းသားရှစ်ဆယ်ကျော် လွတ်လာ

မြိတ်အကျဥ်းထောင်မှ အကျဉ်းသား ရှစ်ဆယ့်နှစ်ဦး လွှတ်မြောက်လာကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများ ထံမှသိရသည်။ ဒီကနေ့ မွန်းလွှဲ ၁ နာရီတွင် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး အကျဥ်းသား ၆၁ ဦးနှင့်အကျဥ်းသူ ၂၁ ဦးဖြစ်ကြောင်း၊ ၅၀၅ က...

ပုလောတွင် ခရီးသည်ကားနှင့်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းဆီးခံရဟုဆို

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတဦး ဖမ်းမိကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်က ယနေ့ ဇန်နဝါရီလ ၄ရက် မွန်းလွဲတွင် ထုတ်ပြန်သည်။ ဇန်နဝါရီလ ၂ ရက်နေ့ ညနေပိုင်းက ခရီးသည်တင်ကားဖြင့် ပြည်သာများနှင့်အတူ...

ပုလောဒေသကာကွယ်ရေးတပ် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီး

ပုလောဒေသကာကွယ်ရေးတပ်က ဇန်နဝါရီလ ၃ရက်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ လက္ကူးရွာတွင် နေထိုင်သူ ဦးဇော်ခိုင်ဆိုသူနှင့်အတူ စိတ်ကြွဆေးပြား လေးရာနီးပါး၊ ငွေရှစ်သိန်းခွဲကျော်၊ ဖုန်းနှစ်လုံး၊ ငှက်ကြီးတောင်ဓါးတစ်ချောင်းနှင့် လှံတစ်ချောင်းတို့ကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တနင်္သာရီတွင် တိုက်ပွဲဆက်ဖြစ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သရီမြို့နယ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဒီဇင်ဘာလ ၃၁ ရက်နှင့် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားပြီး ယနေ့လည်း ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။

ကျွန်းစုတွင် ဂျင်းမွေးမြူသည့်ရွာ ပိုများလာ

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာတို့တွင် ကျေးရွာပိုင် ဂျင်း (သွေးဂုံးခေါ် ခရုတစ်မျိုး) မွေးမြူသည့်ရွာ ပိုများလာနေကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်မှစပြီး ကျေးရွာအစုအဖွဲ့ပိုင် ဂျင်းမွေးမြူရေးကို စတင်လုပ်ကိုင်ခဲ့ရာမှ အကျိုးအမြတ်ရရှိနေကြသဖြင့် မွေးမြူသည့်ရွာ တဖြေးဖြေးများလာကာ ၂၀၂၂ ခုနှစ်အတွင်း...

ပုလော၊ မီးလောင်ချောင်းရွာအနီး တိုက်ပွဲကြောင့် ခရီးသည်ကားအများအပြားပိတ်မိနေ

ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်နေသဖြင့် မြိတ်ဘက်သို့သွားသည့် ကုန်ကားအပါအဝင် ခရီးသည်တင်ကား အမြောက်အများ ပိတ်မိနေကြောင်း ခရီးသည်များထံမှ သိရသည်။ ရန်ကုန်မှဆင်းလာသည့်ကားများ ယခုည ၈ နာရီဝန်းကျင်တွင် မီးလောင်ချောင်းရွာအနီး ပိတ်မိနေခြင်းဖြစ်ပြီး ကားအစီးရေး ၈၀ ခန့်ရှိကြောင်း...

တိုက်ပွဲများဖြစ်နေ၍ တနင်္သာရီမြို့ရှိ ဒေသခံများ စစ်ဘေးရှောင်နေရ

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများပြန်ဖြစ်နေ၍ တနင်္သာရီမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင် ထွက်ပြေးနေရသည်။ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီခန့်က တနင်္သာရီမြို့၊ ဗောဓိကမ်းတံတားတွင် စစ်ကောင်စီတပ်သားတစ်ချို့ တိုက်ခိုက်ခံရပြီးနောက် နံနက်...

မြိတ်တွင် ထီကဲ့သို့လုပ်ထားသည့် မဲပြားစနစ်တစ်ခု ပေါ်ပေါက်၊ ထိုးသူများပြားနေ

မြိတ်မြို့တွင် ငွေငါးသောင်းကျပ်အထိ ပေါက်နိုင်သည့် ထီပုံစံမျိုးလုပ်ထားသော မဲပြားဆွဲစနစ်တစ်ခု ဒီဇင်ဘာလ လကုန်ခန့်မှစပြီး ခေတ်စားလာနေကာ ထိုးသူများနေကြောင်း ရပ်ကွက်နေသူများကဆိုသည်။ အဆိုပါ မဲပြားဆွဲစနစ်တွင် မဲတစ်ပြားလျှင် ငွေနှစ်ရာကျပ်နှုန်းပေးဝယ်ရပြီး သတ်မှတ် ပေါက်မဲဂဏန်းဖြင့် တူညီပါက သက်ဆိုင်ရာဆုကြေးကို ရရှိမည်ဖြစ်ကြောင်း၊...