ပုလောတွင် ခရီးသည်ကားနှင့်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းဆီးခံရဟုဆို

0
2889
ဓါတ်ပုံ - PRDF

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတဦး ဖမ်းမိကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်က ယနေ့ ဇန်နဝါရီလ ၄ရက် မွန်းလွဲတွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂ ရက်နေ့ ညနေပိုင်းက ခရီးသည်တင်ကားဖြင့် ပြည်သာများနှင့်အတူ ရောနှောလိုက်ပါလာသည့် တပ်ရင်း (၅၅၆) မှ အသက် ၁၉ နှစ်အရွယ် စစ်ကောင်စီတပ်သား အောင်အောင်ဆိုသူကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုလောမြို့နယ်၊ သင်္ကန်းတောရွာအနီး ပြည်ထောင်စုလမ်းမပေါ်တွင် ယာဉ်များကို ပုလောဒေသကာကွယ်ရေးတပ်က စစ်ဆေးစဉ် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းကိုစစ်ဆေးရာ ဖုန်းတစ်လုံးနှင့် ငွေကျပ်နှစ်သောင်းတွေ့ရှိပြီး လက်ရှိတွင် ပုလောကာကွယ်ရေးတပ် (PRDF) က ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်ကလည်း ခရီးသည်တင်ကားနှင့် လိုက်ပါလာသည့် ကော့သောင်းအကျဉ်းထောင် အကျဉ်းဦးစီးမှူး ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် အဖမ်းခံခဲ့ရသေးသည်။