မြိတ်အကျဥ်းထောင်မှ အကျဥ်းသားရှစ်ဆယ်ကျော် လွတ်လာ

0
2839

မြိတ်အကျဥ်းထောင်မှ အကျဉ်းသား ရှစ်ဆယ့်နှစ်ဦး လွှတ်မြောက်လာကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများ ထံမှသိရသည်။

ဒီကနေ့ မွန်းလွှဲ ၁ နာရီတွင် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး အကျဥ်းသား ၆၁ ဦးနှင့်အကျဥ်းသူ ၂၁ ဦးဖြစ်ကြောင်း၊ ၅၀၅ က ဖြင့်အမိန့်ချခံထားရသော အမျိုးသမီး ၁၁ ဦးပါဝင်သည်ဟု ၎င်းတို့ကပြောသည်။

“လွတ်လာတဲ့အကျဥ်းသူတွေက မြိတ်မြို့ကချည်းပဲ။ အမျိုးသားတွေထဲမှာလည်း ၅၀၅ တွေပါတယ်။ အရေအတွက်တော့ မသိရသေးဘူး”ဟု  အကျဥ်းထောင်နှင့်နီးစပ်သူ အမျိုးသမီးကပြောသည်။

လွတ်လာသူများတွင် ထီလောင်းကစားမှု၊ မူးယစ်ဆေးအမှုအပါအဝင် ဓါးခုတ်မှုဖြင့် အကျဥ်းကျနေသူများလည်း ပါဝင်ကြောင်း ၎င်းတို့ထံမှသိရသည်။

လွတ်လာသည့် အကျဥ်းသားများတွင် တနင်္သာရီမြို့နယ် ဆင်ဖြူရှင်စခန်းမှ အမျိုးသား ၂၂ ဦးလည်းပါဝင်ခဲ့ကြောင်း နီးစပ်သူများထံမှသိရသည်။