နှစ်ပေါင်း ၈၆၀ ကျော်သက်တမ်းရှိ တနင်္သာရီရိုးရာ နဂါးလှေတော်ပွဲ ရေရှည်ထိန်းသိမ်းရန် အစိုးရ ကူညီပံ့ပိုးရန်လို

တနင်္သာရီမြို့နယ်၏ နှစ်ပေါင်း ၈၆၀ ကျော် သက်တမ်းရှိရိုးရာနဂါးလှေ တော်ပွဲ ကို ရေရှည်ထိန်းသိမ်းနိုင်ရန် အစိုးရမှ ကူညီပံ့ပိုးရန် လိုအပ်ကြောင်း ယင်း မြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်း သိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုး ဝင်းထံမှ သိရသည်။ လက်ရှိတွင် ရိုးရာယဉ်ကျေးမှုနဂါးလှေ တော်ပွဲဖြစ်ပေါ်စေရန်...

မြိတ်တွင် သစ်မလုံလောက်၍ ပရိဘောဂလုပ်ငန်းများ အခက်တွေ့

သစ်ကုန်ကြမ်း အလုံအလောက် ဝယ်မရသောကြောင့် သစ်အချောထည် ပရိဘောဂပစ္စည်းများ ထုတ်လုပ်ရန် အခက်အခဲကြုံတွေ့လာရကြောင်း ပရိ ဘောဂလုပ်ငန်းများထံမှ သိရသည်။ ပြင်ပမှ လာရောက်ရောင်းချသည့် တရားမဝင်သစ်များ နှင့် သစ်ခွဲသား စက်ရုံများမှ သစ်များကို အဓိကအားထား နေရသည့် မြိတ်မြို့ပေါ် ပရိဘောဂလုပ် ငန်းများသည် လက်ရှိတွင် တရားမဝင် သစ်မဝယ်ယူရန်...

တိုင်းအတွင်း အိမ်တွင်မွေးမြူထားသည့် တောရိုင်းတိရစ္ဆာန် ၂၃ မျိုးရှိဟုဆို

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နေအိမ်များတွင် မွေးမြူထားသည့် တောရိုင်းတိရစ္ဆာန် အမျိုးအစား ၂၃ မျိုးရှိကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ၆ လကြာ သုတေသနပြုထားသည့် တောရိုင်း တိရစာ်္ဆန်များ တရားမ၀င်ရောင်းဝယ်မှု စာတမ်းအရ သိရသည်။ မြိတ်တက္ကသိုလ်နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များထိန်းသိမ်းရေးအဖွဲ့(FFI ) တို့...

ကျွန်းစုတွင် ဆိပ်ခံနှင့်ဗောတံတား အကြားသံမဏိဆိပ်ခံတံတားအတွက် ၂၀၂၀ -၂၀၂၁ မှသာဘတ်ဂျက် လျာထားမည်

ကျွန်းစုမြို့ဆိပ်ကမ်းတွင် ဆိပ်ခံတံတားနှင့် ဗောတံတားအကြားသံမဏိဆိပ်ခံတံတား ဆောက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရေးဆွဲသည့် အချိန်မှသာ ထည့်သွင်းလျာထားနိုင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောသည်။ ယင်းဆိပ်ကမ်းတွင် ဆိပ်ခံတံတား နှင့် ဗောတံတားအကြား...

ကျွန်းစုအတွက် အမှိုက်သိမ်းယာဉ် လိုနေ

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အမှိုက်သိမ်းယာဉ် လိုအပ်သည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းခန့်က တိုင်းဝန်ကြီး ချုပ် ခရီးစဉ်တွင် တင်ပြထားကြောင်း ယင်းမြို့နယ်စည်ပင်သာယာရေးရုံး ဦးစီးအရာရှိ ဦးသိန်းညွန့်ထံမှ သိရသည်။ ကျွန်းစုမြို့ပေါ် ၄ ရပ်ကွက်မှ ထွက် ရှိသည့် အမှိုက်များကို စွန့်ပစ်ရန် ပြီး ခဲ့သည့် ၁၀ ရက်...

မြိတ်ကျွန်းခရီးစဉ်များ တစ်လကျော်ပိတ်

မြိတ်ခရိုင်အတွင်းရှိ ကျွန်းခရီးစဉ် များကို တစ်လကျော် ယာယီပိတ်သိမ်း လိုက်ပြီ ဖြစ်သည်။ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ ယာယီ ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု မြိတ်ခရိုင်ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူး ဦးနိုင်လင်းဇော်က ပြောသည်။

မြိတ် Food Box စထားပြီး ရက်ပိုင်းအတွင်း ရိုက်ခွဲခံရ

မြိတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ စတင်ထားရှိသည့် Food Box ပုံး မှန်အား ဇူလိုင်လ ၃၀ ရက် ညပိုင်းက ရိုက်ခွဲခံရကြောင်း Food Box ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနေသူ ကိုအောင်ဟိန်းကျော်ထံမှ သိရသည်။ မြိတ်မြို့ ကမ်းနားလမ်း...

တူးမီးသေနတ် ပေါက်ထွက်၊ လူတစ်ဦးသေဆုံး

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာ အုပ်စု ပတ္တမြား ကျေးရွာတွင် ဇွန်လ ၂၈ ရက်နေ့က တူမီး ယမ်းထောင်းသေနတ်ပေါက်ထွက်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့မရဲစခန်းမှ သိရသည်။ သေဆုံးသူအမျိုးသားမှာ မြိတ် မြို့နယ် တုံးဗျော (တုံးဗျောကရင်စု) ကျေးရွာတွင် နေထိုင်သူ ဖြစ်သည် ထိုအမျိုးသားသည် စက်လှေထဲသို့ အဆင်းတွင် ခြေချော်လှဲရာမှ...

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောတောင်မြို့ နေအိမ်တချို့ ရေဝင်

တနင်္သာရီမြို့နယ်၊ မောတောင်မြို့ တွင် နိုဝင်ဘာလ ၈ ရက်မှစပြီး မိုး အဆက်မပြတ် ရွာသွန်းသဖြင့် နေအိမ် တချို့သို့ ရေဝင်ရောက်ခဲ့ကြောင်း မြို့မ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုး အောင်ထံမှ သိရသည်။ တောင်ကျရေများကျဆင်းသည့် အတွက် နေအိမ် ၇ အိမ် ရေဝင်ခဲ့ပြီး...

၂၀၂၀ ရွေးကောက်ပွဲ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများ တိုးလာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများတိုးလာကြောင်း မြိတ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်က မြိတ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ခြောက်ခုသာရှိခဲ့ပြီး ယခုလာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ဆယ်ခုအထိရှိလာကြောင်း မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ...