မြိတ်တွင် သစ်မလုံလောက်၍ ပရိဘောဂလုပ်ငန်းများ အခက်တွေ့

0
495

သစ်ကုန်ကြမ်း အလုံအလောက် ဝယ်မရသောကြောင့် သစ်အချောထည် ပရိဘောဂပစ္စည်းများ ထုတ်လုပ်ရန် အခက်အခဲကြုံတွေ့လာရကြောင်း ပရိ ဘောဂလုပ်ငန်းများထံမှ သိရသည်။

ပြင်ပမှ လာရောက်ရောင်းချသည့် တရားမဝင်သစ်များ နှင့် သစ်ခွဲသား စက်ရုံများမှ သစ်များကို အဓိကအားထား နေရသည့် မြိတ်မြို့ပေါ် ပရိဘောဂလုပ် ငန်းများသည် လက်ရှိတွင် တရားမဝင် သစ်မဝယ်ယူရန် အစိုးရက တားမြစ်ခြင်း နှင့် သစ်ခွဲစက်ရုံတွင် သစ် လက်ကျန် မရှိတော့ခြင်း တို့ကြောင့် အခက်တွေ့ လာရသည်ဟု ပြည့်ဖြိုးပရိဘောဂရုံမှ ဒေါ်ဆန်းသွယ်က ပြောသည်။

” လက်ရှိမှာ အစိုးရဖက်က သစ် ထုတ်မှု တစ်နှစ်ရပ်ဆိုင်းမယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။ဒီအပေါ် မှာလည်း ကျွန်တော်တို့ လက်မှုပညာ တစ်ခုဖြစ်တဲ့ ပရိဘောဂလုပ်ငန်းလည်း ရပ်ဆိုင်းရမယ့် အနေအထားလည်းဖြစ်နေ ပါတယ်” ဟု မဟာပရိဘောဂလုပ်ငန်းမှ ဦးဝင်းမြင့်က ပြောသည်။သစ်တောမပြုန်းတီးရန် သစ်ကို နိုင်ငံခြားမတင်ပို့ဘဲ ဒေသသုံးအတွက် ခွင့်ပြုပေးစေလိုကြောင်း ဦးဝင်းမြင့်က ပြောသည်။

ယခင်က သစ်တစ်တန်ကို ကျပ် သုံးသိန်းကျော်မှကျပ်သုံးသိန်းဝန်းကျင် အထိသာ ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ်ငါးသိန်းကျော်မှကျပ် ခြောက်သိန်း ကျော်အထိ မြင့်တက်လာကြောင်း ပရိ ဘောဂလုပ်ငန်းများ ထံမှ သိရသည်။ပရိဘောဂပစ္စည်းများလည်း ဈေးနှုန်း တစ်ဆခန့် မြင့်တက်လာကြောင်း ပရိဘောဂလုပ်ငန်းအရောင်းဆိုင်များထံမှ သိရသည်။မြိတ်မြို့တွင် အိမ်သုံး ပရိဘောဂ လုပ်ကိုင်သည့် အလုပ်ရုံ ၁၀ကျော်ခန့်ရှိပြီ သစ်အလုံအလောက်မရသဖြင့် အခက် ကြုံလာရ ကြောင်းကောင်းသန့်ပရိဘောဂ အရောင်းဆိုင်မှ တာဝန်ခံ ဦးညွန့်ရွှေက ပြောသည်။