မြိတ် Food Box စထားပြီး ရက်ပိုင်းအတွင်း ရိုက်ခွဲခံရ

0
495

မြိတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ စတင်ထားရှိသည့် Food Box ပုံး မှန်အား ဇူလိုင်လ ၃၀ ရက် ညပိုင်းက ရိုက်ခွဲခံရကြောင်း Food Box ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနေသူ ကိုအောင်ဟိန်းကျော်ထံမှ သိရသည်။

မြိတ်မြို့ ကမ်းနားလမ်း ပြည်တော် သာ လှေဆိပ်အနီးနှင့် မြိတ်ပြည်သူ့ဆေး ရုံကြီးရှေ့တို့ရှိ အစားအသောက်များ အခမဲ့ ယူနိုင်သည့် Food Box နှစ်ခု အနက် မြိတ်ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ Food Box မှန်အား ရိုက်ခွဲခံရခြင်း ဖြစ်သည်။

“ပရဟိတအလုပ်ဆိုတော့ တိုင်ကြားတာတွေ မလုပ်ပါဘူး” ဟု ကိုအောင်ဟိန်း Food Box ကျော်က ပြောသည်။

ပျက်စီးသွားသည့် မှန်အား Food Box အနီး နေသူတို့နှင့် ဆိုင်ကယ်အငှား ယာဉ်မောင်းသူတို့က အသစ်ပြန်လည် ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်ကယ်ရီမောင်းသူတချို့ ၏ ပြောပြချက်အရ Food Box မှန်အား ညနက်ပိုင်းတွင် လူငယ်သုံးဦးက ရိုက်ခွဲ ခဲ့သည်ဟု သိရကြောင်း ကိုအောင်ကျော်ဟိန်းက ပြောပြသည်။

Food Box