တူးမီးသေနတ် ပေါက်ထွက်၊ လူတစ်ဦးသေဆုံး

0
495

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာ အုပ်စု ပတ္တမြား ကျေးရွာတွင် ဇွန်လ ၂၈ ရက်နေ့က တူမီး ယမ်းထောင်းသေနတ်ပေါက်ထွက်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့မရဲစခန်းမှ သိရသည်။
သေဆုံးသူအမျိုးသားမှာ မြိတ် မြို့နယ် တုံးဗျော (တုံးဗျောကရင်စု) ကျေးရွာတွင် နေထိုင်သူ ဖြစ်သည်

ထိုအမျိုးသားသည် စက်လှေထဲသို့ အဆင်းတွင် ခြေချော်လှဲရာမှ လွယ်အိတ် အတွင်းရှိယမ်းထောင်းထားပြီး ယမ်း ကတ်ထည့်ထားသည့် သေနတ်ကျည် ပေါက်ထွက်ကာ ဝဲဘက် ရင်အုံအား ထိမှန်သေဆုံးခဲ့ရကြောင်း ရဲစခန်းမှတ် တမ်းအရ သိရသည်။
သေနတ်အရှည်မှာ ပေအရှည် ၉ ဒဿမ ၅ လက်မရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ရှိတွင် တနင်္သာရီမြို့ရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း ယင်းရဲစခန်းမှ သိရသည်။