video

Dawei Watch TV/ လာမည့်ရွေးကောက်ပွဲ နှင့် တနင်္သာရီ ဝန်ကြီးချုပ်

လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီ ဝန်ကြီးချုပ် ဦးမြင့်မောင် ရွေးကောက်ပွဲ ဝင်မည်လော၊ လက်ရှိ တာဝန်ထမ်းဆောင်နေစဉ် အားရမှု၊ အားမရမှု စသည်တို့ နှင့် ပတ်သက်ကာ Dawei Watch/တနင်္သာရီ အပတ်စဉ်က တွေ့ဆုံမေးမြန်းထားပါသည်။

မြိတ်တွင် ဌာနဆိုင်ရာ စုပေါင်းရုံး စတင်ဖွင့်လှစ်

မြိတ်ခရိုင် မြိတ်မြို့နယ် ဈေးတန်း ရပ်ကွက် ရုံးလမ်းရှိ ယခင်တိုင်းဒေသကြီး ရုံးဟောင်းတွင် ဩဂုတ်လ ၁၂ ရက်နေ့ မှစပြီး ဌာန ဆိုင်ရာ စုပေါင်းရုံး စတင် ဖွင့်လှစ်ခဲ့ကြောင်း ယင်းရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ယင်းစုပေါင်းရုံးတွင်...

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောတောင်မြို့ နေအိမ်တချို့ ရေဝင်

တနင်္သာရီမြို့နယ်၊ မောတောင်မြို့ တွင် နိုဝင်ဘာလ ၈ ရက်မှစပြီး မိုး အဆက်မပြတ် ရွာသွန်းသဖြင့် နေအိမ် တချို့သို့ ရေဝင်ရောက်ခဲ့ကြောင်း မြို့မ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုး အောင်ထံမှ သိရသည်။ တောင်ကျရေများကျဆင်းသည့် အတွက် နေအိမ် ၇ အိမ် ရေဝင်ခဲ့ပြီး...

ကျွန်းစုတွင် ဆိပ်ခံနှင့်ဗောတံတား အကြားသံမဏိဆိပ်ခံတံတားအတွက် ၂၀၂၀ -၂၀၂၁ မှသာဘတ်ဂျက် လျာထားမည်

ကျွန်းစုမြို့ဆိပ်ကမ်းတွင် ဆိပ်ခံတံတားနှင့် ဗောတံတားအကြားသံမဏိဆိပ်ခံတံတား ဆောက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရေးဆွဲသည့် အချိန်မှသာ ထည့်သွင်းလျာထားနိုင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောသည်။ ယင်းဆိပ်ကမ်းတွင် ဆိပ်ခံတံတား နှင့် ဗောတံတားအကြား...

မြိတ် Food Box စထားပြီး ရက်ပိုင်းအတွင်း ရိုက်ခွဲခံရ

မြိတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ စတင်ထားရှိသည့် Food Box ပုံး မှန်အား ဇူလိုင်လ ၃၀ ရက် ညပိုင်းက ရိုက်ခွဲခံရကြောင်း Food Box ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနေသူ ကိုအောင်ဟိန်းကျော်ထံမှ သိရသည်။ မြိတ်မြို့ ကမ်းနားလမ်း...

ကျွန်းစုအတွက် အမှိုက်သိမ်းယာဉ် လိုနေ

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အမှိုက်သိမ်းယာဉ် လိုအပ်သည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းခန့်က တိုင်းဝန်ကြီး ချုပ် ခရီးစဉ်တွင် တင်ပြထားကြောင်း ယင်းမြို့နယ်စည်ပင်သာယာရေးရုံး ဦးစီးအရာရှိ ဦးသိန်းညွန့်ထံမှ သိရသည်။ ကျွန်းစုမြို့ပေါ် ၄ ရပ်ကွက်မှ ထွက် ရှိသည့် အမှိုက်များကို စွန့်ပစ်ရန် ပြီး ခဲ့သည့် ၁၀ ရက်...

ရေခူ ဈေးကောင်း

မြိတ်ဒေသ ရေထွက်ကုန်တစ်မျိုး ဖြစ်သည့် ရေခူများ ယခင်နှစ်ထက် ဈေး ကောင်းရနေကြောင်း ရေခူလုပ်ငန်း လုပ် ကိုင်နေသူ တချို့ထံမှ သိရသည်။ ယမန်နှစ်က တစ်ပိဿာလျှင် ငွေ ကျပ် ၂၀၀၀ ရရှိခဲ့ရာ ယခုနှစ်တွင် တစ်ကီလိုလျှင် ၅၈ ဘတ်(သုံးကီလိုလျှင် နှစ်ပိဿာခန့်) နှုန်းဖြင့် တွက်ချက်ရာ...

ကျွန်းစုတွင် နာရေးမှပြန်လာသည့် စက်လှေမှောက်၊ အမျိုးသမီး ၅ ဦး သေဆုံး

နာရေးတစ်ခုမှ ပြန်လာသည့် စက် လှေတစ်စီးသည် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ၀ါရစ်ကျေးရွာအုပ်စုအနီးရှိ တနင်္သာရီမြစ်အတွင်း တိမ်းမှောက်ခဲ့ကြောင်း ယင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစောမြတ်အောင်ထံမှ သိရသည်။ စက်တင်ဘာလ ၂၂ ရက်က တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး လှေပေါ်ပါ အမျိုးသား သုံးဦးနှင့် အမျိုးသမီးဆယ့်သုံးဦးတို့ အနက် အမျိုးသမီးငါးဦးပျောက်ဆုံးခဲ့ရာ ယင်းနေ့ မွန်းလွဲပိုင်းအချိန်တွင်...

ရန်ပုံငွေ အခက်အခဲကြောင့် ရေကန်ဘောင်ပတ်လည် ကျောက်မစီဖြစ်တော့

ပြန်လည်တူးဖော်နေသည့် မြိတ်မြို့ မြစ်ငယ်ရပ်ရှိ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိ မင်္ဂလာကန်တော် (ရေ ကန်ဘောင်) ကန်ပတ်လည်ကို ရန်ပုံငွေ အခက်အခဲကြောင့် ကျောက်တန်းမစီ ဖြစ်တော့ကြောင်း မြို့နယ်စည်ပင် သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။ မူလက မင်္ဂလာကန်တော် ပတ် ပတ်လည်ကို ကျောက်တန်းများ...

၂၀၂၀ ရွေးကောက်ပွဲ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများ တိုးလာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများတိုးလာကြောင်း မြိတ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်က မြိတ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ခြောက်ခုသာရှိခဲ့ပြီး ယခုလာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ဆယ်ခုအထိရှိလာကြောင်း မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ...