တပ်ကောင်စီတွင် ပါဝင်သည်ကို လက်မခံသည့် မွန်ပါတီဝင် ၂၀ ကျော် ထပ်မံနုတ်ထွက်

တပ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီပါဝင်သည့်အပေါ် လက်မခံသည့် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင်နှင့် မြို့နယ်အဆင့်ပါတီဝင် ၂၀ ဦးကျော်တို့က မတ်လ ၂၄ ရက်နေ့က ပါတီဗဟိုရုံးချုပ်ထံ စာတင်ပြီး နုတ်ထွက်လိုက်ကြောင်း သိရသည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် တပ်ကောင်စီတွင် ပါဝင်သွားရန်...

အာဏာရှင်မှန်သမျှဆန့်ကျင်ကြောင်း မွန်လူငယ်တွေ ဆန္ဒထုတ်ဖော်

မွန်လူငယ်များ အာဏာရှင်မှန်သမျှဆန့်ကျင်ကြောင်း မတ်လ ၂၃ ရက်နေ့က မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မွန်လူငယ်တွေကတော့ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူများ လွှတ်ပေးရေးဆိုတဲ့...

CDM မှာပါတဲ့ မော်လမြိုင် မီးရထားဝန်ထမ်းတွေကို လိုင်းခန်းမှ ပြောင်းခိုင်း

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ မော်လမြိုင် မီးရထားဝန်ထမ်း မိသားစုတွေကို စစ်ကောင်စီမှ လိုင်းခန်းကနေ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းပါတယ်။ CDM မှာ ပါတဲ့ ဝန်ထမ်းတွေ လိုင်းခန်းကနေ မတ်လ ၂၃ ရက်နေ့ အပြီး...

မွန်တွင် စားသောက်ကုန် အရောင်းအဝယ် အေး

တပ်အာဏာသိမ်းပြီး တစ်လကျော်ကြာလာသည့်အချိန်တွင် မွန်ပြည်နယ်အတွင်း စားသောက်ကုန်များ အရောင်းအဝယ်အေးလာသည်ဟု စားသောက်ကုန်ရောင်းဝယ်နေသူတို့၏ ပြောဆိုချက်အရ သိရသည်။ အာဏာသိမ်းလိုက်သည့် အစပိုင်းရက်တို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်သွားသည်အထိ အရောင်းအဝယ်ရှိခဲ့သော်လည်း တစ်လကျော်ကြာလာသည့် ယခုအချိန်တွင် အရောင်းအဝယ်...

လူနာပို့ရင်း အဖမ်းခံရသည့် ပရဟိတဝန်ထမ်း နှစ်ဦး ထောင်တစ်လစီ ချမှတ်ခံရ

မော်လမြိုင် တပ်မတော် ဆေးရုံသို့ သို့ လူနာပို့ပြီး အပြန် ညပိုင်းတွင် ဖမ်းဆီးခံရသည့် ကျိုက်ခမီမြို့မှ ပရဟိတစေတနာ့ဝန်ထမ်း နှစ်ဦးအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်တစ်လစီ ချမှတ်ခံရသည်။ ကျိုက်ခမီမြို့ ဟိတကာရီ...

မွန်ဝန်ကြီးချုပ်နှင့် တစ်လကြာသည်အထိ အဆက်အသွယ်မရဟုဆို

ဖမ်းဆီးခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တစ်လကြာလာသည်အထိ အဆက်အသွယ်မရဘူးဟု ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာဝန်ရှိသူတို့ထံမှ သိရသည်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်၏...
မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသားတစ်ဦး ထပ်မံသေဆုံး

မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသားတစ်ဦး ထပ်မံသေဆုံး

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် တွင် အကြမ်းဖက်မှုကြောင့် ဦးခေါင်း ကျည်ထိမှန်သည့် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦး မတ်လ ၃ ရက် ညပိုင်းက ထပ်မံ သေဆုံး သွားခဲ့သည်။ ဘူမိဗေဒ တတိယနှစ်...
Dawei Watch, Dawei News, Dawei News Media

မွန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရ

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် NLDလွှတ်တော်ကိုယ်စားလှယ်အချို့တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရကြောင်း ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာဝန်ရှိသူတို့ထံမှ သိရသည်။ ဝန်ကြီးချုပ်အား အလုပ်မဆင်း ဆန့်ကျင်ရေး CDM တွင် ပါဝင်သည့်...
Dawei Watch, Dawei News, Dawei News Media

အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန် မွန်လူထုအခြေပြုအဖွဲ့ အစည်း ကွန်ရက်တောင်းဆို

အာဏာသိမ်းမှုကို မကျေနပ်သည့် တိုင်းရင်းသားပြည်သူတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်အပေါ် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အကြမ်းဖက်နေသည့် လုပ်ရပ်များ ရပ်တန့်ရန် မွန်လူထုအခြေ ပြုအဖွဲ့အစည်းကွန်ရက်က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။ အကြမ်းဖက် နှိမ်နှင်းနေသည့် လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချ...
ဦးထွန်းမင်းအောင်

မွန်ဝန်ကြီးတစ်ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံရ

၀န်ထမ်းများနှင့် ပတ်သက်ပြီး စာထုတ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် မှာ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံထားရသည်။ ဝန်ထမ်းများအားရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရအသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း၊...