အာဏာရှင်မှန်သမျှဆန့်ကျင်ကြောင်း မွန်လူငယ်တွေ ဆန္ဒထုတ်ဖော်

0
382

မွန်လူငယ်များ အာဏာရှင်မှန်သမျှဆန့်ကျင်ကြောင်း မတ်လ ၂၃ ရက်နေ့က မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မွန်လူငယ်တွေကတော့ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူများ လွှတ်ပေးရေးဆိုတဲ့ တောင်းဆိုကြွေးကြော်သံတွေနဲ့ အာဏာရှင်မှန်သမျှကို ဆန့်ကျင်နေကြပါတယ်။

မော်လမြိုင်မြို့ပေါ်တွင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ပြည်သူတွေ ဆန္ဒပြမှုများ မပြုလုပ်နိုင်အောင် မြို့အနှံ့ လုံခြုံရေး တင်းကြပ်ထားသလို လိုက်လံဖမ်းဆီး ဖြိုခွင်းမှုများရှိနေသည့်အတွက် ဆန္ဒပြသူတွေက ပြောက်ကျားပုံစံနဲ့ မြို့အနှံ့ ဆန္ဒပြမှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။