နိုင်ငံကူး/နယ်စပ်ဖြတ်သန်းခွင့် စာအုပ်များတွင် ကလေးဓာတ်ပုံ ပူးတွဲပါမှ ထိုင်းသို့ ကလေးခေါ်ခွင့်ပြု

အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံရ နောင်းဘက်က နိုင်ငံကူးလက်မှတ်စာအုပ် များတွင် ကလေးငယ်ဓာတ်ပုံမပါပါက ထိုင်းနိုင်ငံအတွင်းသို့ ကလေးခေါ် ဆောင်ခွင့်မပြုဘဲ မြန်မာဘက် ပြန်လွှတ် နေကြောင်း ကော့သောင်း - ရနောင်း ပဲ့ချိတ်မောင်း နေသူများထံမှ သိရသည်။ မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း မြို့မှတစ်ဆင့် ထိုင်းနိုင်ငံရနောင်းမြို့သို့ သွားရောက်ကြမည့် ခရီးသည်များသည် မိမိတို့၏အသက်...

ကော့သောင်းတွင် ဝါတန်းလှေသုံးစီးမီးလောင်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက် ရွှေဝက်ဝံတံတားတွင် ရပ်ထားသည့် ဝါတန်းငါးဖမ်းလှေသုံးစီး ယနေ့ (ဩဂုတ် ၈) နံနက် ၁၀ နာရီခန့်ကစပြီး မီးလောင်ကျွမ်းကြောင်း စုံစမ်းသိရှိရသည်။ ယင်းမီးလောင်မှုကြောင့် အလောင်းတစ်လောင်းနှင့် ဒဏ်ရာရသူနှစ်ဦးကို ရှာဖွေတွေ့ရှိထားပြီး ဆက်လက် ရှာဖွေကယ်ဆယ်ရေး...

ခေတ်အဆက်ဆက် သိမ်းယူထားသည့် ဒေသပိုင်လူငယ်ရိပ်သာပြန်ပေးရန် မြို့မိမြို့ဖများ တောင်းဆို

ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက် စုပေါင်းရုံးလမ်းတွင်ရှိသည့် ခေတ်အဆက်ဆက် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ သိမ်းယူထားသည့် ဒေသပိုင်လူငယ်ရိပ်သာပြန်ပေးရန် ကော့သောင်းမြို့မိမြို့ဖ များက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တောင်းဆိုလိုက်ကြောင်း ယခင်လူငယ်ရိပ်သာဖြစ်မြောက်ရေးကော်မတီ ယခု မြို့မိမြို့ဖများက ဆိုသည်။ နွေရာသီတွင် ဘင်ခရာသင်တန်းများ သင်ကြားနိုင်ရေး၊ ဘင်ခရာပစ္စည်းများ ထိန်းသိမ်းမည့် အဆောက်အအုံအဖြစ် လိုအပ်လျက်ရှိသည့်အပြင် လူငယ်လူရွယ် အမျိုးသမီး...

ဘုတ်ပြင်းတွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာပြီး ခရီးသွားလာမှုလျော့ကျ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲခပ်စိတ်စိတ် ဖြစ်ပွားလာနေပြီး ခရီးသွားလာသူ လျော့ကျသွားကြောင်း ခရီးသည်တင်ကားသမားအချို့က ပြောသည်။ ယခင်လများက ၁၅ ယောက်ပါ ခရီးသည်တင်ကားတွင် ခုံအပြည့်ခရီးသည်လိုက်ပါလေ့ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ခရီးသည် ၁၀ ဦးပင် မပြည့်တော့ကြောင်း...

လူသတ်မူဖြင့် ထောင်ကျဖူးသူထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ

ကော့သောင်းမြို့ ရွှေပြည်စိုးကျေး ရွာတွင် လူသတ်မှုဖြင့် ထောင်ကျဖူးသူ ထံမှ စိတ်ကြွဆေးပြား ၄၀၀ ကျော်ကို ဇူလိုင်လ ၃၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ ၎င်းထံမှ ပန်းရောင်စိတ်ကြွဆေး ပြား ၄၁၁ ပြား အစိမ်းရောင် ၄ပြား စုစုပေါင်းစိတ်ကြွဆေးပြား ၄၁၅...
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့တွင် ဟိုတယ်ကွာရန်တင်းဝင်နေသည့် သ‌င်္ဘောသားနှစ်ဦး ထွက်ပြေးသော်လည်း မလွတ်

ကော့သောင်းမြို့၊ ဗစ်တိုရီးယား ဟိုတယ်တွင် ကွာရန်တင်းဝင်နေသည့် သ‌င်္ဘောသားနှစ်ဦးမှာ စက်တင်ဘာလ ၂၂ ရက် ည ၁၂ နာရီခန့်က ထွက်ပြေးသွားခဲ့ကြောင်း ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်ရာအိမ်မှူး ဦးနွယ်ထွန်း က ပြောသည်။ အဆိုပါ အမျိုးသားနှစ်ဦးမှာ...

ပါးစပ်ပေါက်မှ ဦးခေါင်းနောက်ဖက် ပေါက်ထွက် သေနတ်ဒဏ်ရာဖြင့် လူ တစ်ဦးသေဆုံး

ကော့သောင်းမြို့ ဘန်းကချွန် ကျေး ရွာတွင် နိုဝင်ဘာ ၁၈ ရက်က ရာဘာ ခြံအတွင်း သေနတ်ဒဏ်ရာဖြင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း မြို့မရဲစခန်းမှ သိရ သည်။ သေဆုံးသူမှာ ဦးခေါင်းနောက် ဘက်အထိ သေနတ်ပေါက်ထွက် ဒဏ်ရာ ဖြင့် သေဆုံးနေခြင်းဖြစ်ပြီး အနီးတွင် တူမီးသေနတ် တစ်လက်ရှိကြောင်း...

တစ်ယူနစ် ၂၀၀၀ ကျော်သွားသည့် ဘုတ်ပြင်းလျှပ်စစ်မီတာခ အနည်းငယ်စျေးပြန်ကျ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သွားလာရန်ခက်ခဲသည့် ပင်လယ်ရွာများတွင် လျှပ်စစ်မီတာခ တယူနှစ် နှစ်ထောင်ကျော်အထိ တက်ခဲ့ပြီးနောက် အနည်းငယ်စျေးပြန်ကျလာကြောင်း ဒေသခံများ ထံမှသိရသည်။ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အလယ်မန်ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လျှပ်စစ်မီးတစ်ယူနစ် ၂၁၅၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး...

လွတ်ရက်စေ့ မြန်မာလုပ်သား ၁၃၀ ကျော် ကော့သောင်းဘက်ပြန်ပို့

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့ပြီးဖြစ်သည့် မြန်မာအလုပ်သမား တစ်ရာသုံးဆယ်ကျော်ကို မတ်လ ၁၇ ရက်နေ့က ကော့သောင်းဘက်သို့ ပြန်ပို့ပေးခဲ့ကြောင်း ၎င်းတို့အား ကူညီပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှသိရသည်။ ကော့သောင်းဘက်သို့ ပြန်ပို့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား...

တနင်္သာရီတိုင်းတွင် တံတားဖြတ်သန်းခကောက်ခံဂိတ် သုံးခုတိုး

တနင်္သာရီတိုင်းအတွင်း တံတားဖြတ်သန်းခကောက်ခံသည့် ဂိတ်သုံးခုတိုးလာကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနထံမှ သိရသည်။ ယခင်က မြိတ်မြို့အနီးရှိ ကျွဲကူး-ကျောက်ဖျာ တံတားတစ်ခုတွင်သာ ဖြတ်သန်းခကောက်ခံနေရာမှ နိုဝင်ဘာ ၁၅ ရက်နေ့မှစကာ ဖြတ်သန်းခကောက်ခံသည့် တံတား ၃ စင်းတိုးလာခြင်းဖြစ်သည်။