မူလနေထိုင်ခဲ့သည့် ကျွန်းပေါ် ပြန်နေထိုင်ခွင့်ရရေး ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် ဆလုံတိုင်ရင်းသားတစ်ချို့ တောင်းဆို

ကော့သောင်းခရိုင်အတွင်း ပုလဲမွေးမြူ ရေးလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းရှင်တချို့ သိမ်းယူခဲ့သည့် ကျွန်းများပေါ် ပြန်လည်နေထိုင်ခွင့်ရရှိရေးကို ဖေဖော်ဝါရီ ၁၅ရက်က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဆလုံတိုင်းရင်းသားတချို့က တင်ပြတောင်းဆိုခဲ့ ကြသည်။ ၎င်းတို့၏ မိဘဘိုးဘွားများ ခေါင်းချခဲ့သည့် ၎င်းတို့ ကျင်လည်ကျက်စားရာ ကျွန်းများကို ပုလဲမွေးမြူရေး...

ထားဝယ်နှင့် ကော့သောင်းရှိ ရွှေ့ပြောင်းလုပ်သားများကို တီဘီရောဂါ အခမဲ့ ကွင်းဆင်းကုသပေးမည်

ထားဝယ်မြို့နယ်နှင့် ကော့သောင်း မြို့နယ်တို့ရှိ ရွှေ့ပြောင်းလုပ်သားများကို ယခု ၂၀၁၉ ခုနှစ်အတွင်း တီဘီရောဂါ အခမဲ့ကွင်းဆင်း စစ်ဆေးကုသပေးခြင်း ၁၂ ကြိမ်ပြုလုပ်ရန် စီမံချက်ရေးဆွဲထားကြောင်း တိုင်းတီဘီ ရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။ ယင်းစီမံချက်အရ ထားဝယ်မြို့နယ်တွင် ၆ ကြိမ်၊ ကော့သောင်းမြို့နယ်တွင် ၆...

ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းလာမည်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၄ရက်တွင် ကော့သောင်းမြို့သို့  လာရောက်မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးမှ အတည်ပြုပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၃ရက်တွင် မြိတ်မြို့သို့ လာရောက်မည်ဖြစ်ပြီး ယင်းနောက် ကော့သောင်းမြို့သို့ပါ ဆက်လက်လာ ရောက်မည်ဖြစ်ကြောင်း ၎င်းတို့ကအတည်ပြု ပြောကြားသည်။ “ရေလမ်းကနေ လာမှာလား၊ လေယာဉ်နဲ့လာမှာလား၊ ဘယ်လမ်းကြောင်း...

အင်ဒိုနီးရှား ငါးခိုးဖမ်းသင်္ဘော ဖမ်းမိ

ကော့သောင်းခရိုင်အတွင်းရှိ သံကျွန်းအနောက်ဘက် မြန်မာ့ရေပိုင်နက်အတွင်း ဖေဖော်ဝါရီ ၇ရက်က ကျူးကျော် ငါးဝင်ခိုးဖမ်းသည့် အင်ဒိုနီးရှား ငါးဖမ်း သင်္ဘောတစ်စီးကို တပ်မတော်(ရေ)မှ ဖမ်းဆီးလိုက်ကြောင်း ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ တပ်မတော်ရေယာဉ်သည် တိုက်ကင်း လှည့်လည်နေစဉ် အင်္ဂလိပ်စာတန်းပါ အလျား ၆၂ပေ ၊ အနံ ၁၈ပေ ၊...

ကော့သောင်း ငါးဖမ်းစက်လှေများတွင် အမှိုက်ပုံးနှင့် အမှိုက်အိတ်ဆောင်သည့်စနစ် စတင်ကျင့်သုံး

ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ပြင်သို့ ထွက်ခွာမည့် ငါးဖမ်းငါးသယ်စက် လှေများတွင် အမှိုက်ပုံးနှင့် အမှိုက်အိတ်များ ထားသည့် စနစ်ကို စတင်ကျင့်သုံး နေပြီဖြစ်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီဌာနထံမှ သိရသည်။ ပင်လယ်ပြင်အတွင်း ပလပ်စတစ်အိတ်၊ ပလပ်စတစ်ဗူးခွံ၊ ကြိုး၊ ပိုက်တို ပိုက်စ၊ ပိုက်အပြတ်များ၊ ဖော့ဘူးများ စသည့် ရေထဲတွင် အချိန်ကြာမြင့်စွာ...

တောကြက်ထောင်သူ တူးမီသေနတ်မှန် သေဆုံး

ကော့သောင်းမြို့နယ်၊ ဆယ်မိုင် ကျေးရွာအုပ်စု ပါဆယ် ပါညမ်းကျေးရွာ နှစ်ရှည်ဆီအုန်းခြံအတွင်း ဖေဖော်ဝါရီ ၅ရက်က တောကြက်ထောင်နေသည့် အမျိုးသားတစ်ဦး တူးမီသေနတ်မှန် သေဆုံး ခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ ညီအစ်ကိုနှစ်ဦး တောကြက်ထောင် ဖမ်းနေစဉ် မည်သူပစ်လိုက်မှန်းမသိသည့် တူးမီသေနတ်သည် ညီဖြစ်သူအား ထိမှန်ခဲ့ကြောင်း တောကြက်ထောင်ဖမ်းစဉ် အတူ...

ကော့သောင်းတွင် ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာမှ လူသတ်မူဖြစ်

ကော့သောင်းမြို့နယ်၊ ဘန်းကခွန် ကျေးရွာတွင် ဖေဖော်ဝါရီ ၄ ရက်က ညီအစ်ကို နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မူဖြစ်ပွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။ နေအိမ်တွင် မိဘများမရှိခိုက် တစ်အိမ်တည်းနေ ညီအစ်ကိုနှစ်ဦး အရက်အတူသောက်ပြီး စကားများရန်ဖြစ်ကြရာ ညီဖြစ်သူက အစ်ကိုဖြစ်သူအား ဓားကောက်ဖြင့် လည်ပင်းအား ခုတ်သတ်မူဖြစ်ပွားခဲ့သည်ဟု...

ဆလုံများအတွက် လှေနှင့်ဆန် ထောက်ပံ့မည်

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် ကျွန်းများတွင် နေထိုင်သည့် ဆလုံလူမျိုး များအတွက် လှေနှင့် ဆန်များ ထောက်ပံ့သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးစောလုကာက ပြောသည်။ မြိတ်ခရိုင်အတွင်းရှိ ဒုံးညောင်မှိုင်း၊ ဒုံးပုလဲအော်၊ ပရောဝါးရွာနှင့် ကော့သောင်ခရိုင်အတွင်းရှိ ဇာဒက်ကြီး၊ မကြုံကလက်၊ ဂျာအုံး၊ ညောင်ဝိ၊ ဂျာလန်း၊ လငန်း စုစုပေါင်း ရွာ...

တံမြက်စည်းအပင်ဈေး ကော့သောင်းနှင့် ရနောင်း ဈေးထက်ဝက်ကွာ

တံမြက်စည်းပင် ဈေးသည် ကော့သောင်းနှင့် ရနောင်း ဈေးထက်ဝက်ကွာကြောင်း တံမြက်စည်းလုပ်သူများထံမှ သိရသည်။ အခြောက်ခံပြီးသား တံမြက်စည်းပင် တစ်ထောင်ပါ တစ်စည်းကို ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းတွင် ထိုင်းဘတ်ငွေ တစ်ရာ ( မြန်မာ ကျပ်ငွေ ၄၇၀၀ ) အထိ ပေးဝယ်လျက်ရှိပြီး မြန်မာဘက်ခြမ်း ကော့သောင်းတွင် တစ်စည်း...

အမှိုက်သိမ်းကား တိမ်းမှောက် ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

ကော့သောင်းတွင် ဇန်နဝါရီ ၃၁ ရက် ည၈နာရီခွဲအချိန်တွင် အမှိုက်သိမ်းယာဉ်တိမ်းမှောက်၍ ကားပေါ်ပါ အမျိုးသား နှစ်ဦး သေဆုံးကာ ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်သည် ဆယ်မိုင်ကျေးရွာတွင် အမှိုက်ပစ်ပြီးအပြန် ရွှေပြည်စိုးကျေး ရွာ ၄မိုင်အနီးတွင် အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်တိမ်း...