ဆလုံများအတွက် လှေနှင့်ဆန် ထောက်ပံ့မည်

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် ကျွန်းများတွင် နေထိုင်သည့် ဆလုံလူမျိုး များအတွက် လှေနှင့် ဆန်များ ထောက်ပံ့သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးစောလုကာက ပြောသည်။ မြိတ်ခရိုင်အတွင်းရှိ ဒုံးညောင်မှိုင်း၊ ဒုံးပုလဲအော်၊ ပရောဝါးရွာနှင့် ကော့သောင်ခရိုင်အတွင်းရှိ ဇာဒက်ကြီး၊ မကြုံကလက်၊ ဂျာအုံး၊ ညောင်ဝိ၊ ဂျာလန်း၊ လငန်း စုစုပေါင်း ရွာ...

တံမြက်စည်းအပင်ဈေး ကော့သောင်းနှင့် ရနောင်း ဈေးထက်ဝက်ကွာ

တံမြက်စည်းပင် ဈေးသည် ကော့သောင်းနှင့် ရနောင်း ဈေးထက်ဝက်ကွာကြောင်း တံမြက်စည်းလုပ်သူများထံမှ သိရသည်။ အခြောက်ခံပြီးသား တံမြက်စည်းပင် တစ်ထောင်ပါ တစ်စည်းကို ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းတွင် ထိုင်းဘတ်ငွေ တစ်ရာ ( မြန်မာ ကျပ်ငွေ ၄၇၀၀ ) အထိ ပေးဝယ်လျက်ရှိပြီး မြန်မာဘက်ခြမ်း ကော့သောင်းတွင် တစ်စည်း...

အမှိုက်သိမ်းကား တိမ်းမှောက် ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

ကော့သောင်းတွင် ဇန်နဝါရီ ၃၁ ရက် ည၈နာရီခွဲအချိန်တွင် အမှိုက်သိမ်းယာဉ်တိမ်းမှောက်၍ ကားပေါ်ပါ အမျိုးသား နှစ်ဦး သေဆုံးကာ ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်သည် ဆယ်မိုင်ကျေးရွာတွင် အမှိုက်ပစ်ပြီးအပြန် ရွှေပြည်စိုးကျေး ရွာ ၄မိုင်အနီးတွင် အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်တိမ်း...

ရှမ်းကိုးရွာတွင် တစ်ရက်အတွင်း မူးယစ်ဆေးရောင်းချသူ ၂ ဦး နှင့် လက်နက်ဆောင်ထားသူ တစ်ဦး ဖမ်းမိ

ခမောက်ကြီးမြို့နယ်အပိုင် ဒေသ အခေါ်ရှမ်းကိုးရွာ ထိုင်းမြန်မာနယ်စပ် ဖော့သုတ်ကျေးရွာတွင် ဇန်န၀ါရီ ၂၄ ရက်က မူးယစ်ဆေးဝါ ဖြန့်ဖြူးရောင်းချနေသူ ၃ဦးကို ဖမ်းဆီးခဲ့သည်ဟု ကော့သောင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖော့သုတ်ကျေးရွာနေ အသက် ၃၀နှစ် အရွယ် အထောက်အထားမဲ့ တရားမ၀င် လာရောက်နေထိုင်သည့် ထိုင်းလူမျိုး အမျိုးသားထံမှ WY...

လက်ရှိအစိုးရလက်ထက် တနင်္သာရီတွင် ကျပ်သန်းခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာသန်း နှစ်ဆယ်ကျော် ရင်းနှီးမြှုပ်နှံ

လက်ရှိ NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း စီးပွားရေးလုပ် ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် သန်းပေါင်း ခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။ NLD အစိုးရ စတင်တာဝန်ထမ်း ဆောင်သည့် ၂၀၁၆ ခုနှစ် ဧပြီလမှ လက်ရှိ...

အမျိုးသားအင်္ဂါအား ဓာတ်ဆီလောင်း၍ မီးရှို့သတ်သူကို ငါးနှစ်ခန့် အကြာတွင် ဖမ်းမိ

ကော့သောင်းမြို့နယ်တွင် အမျိုးသားအင်္ဂါအား ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်သူတစ်ဦးကို ငါးနှစ်ခန့်အကြာတွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မီးရှို့သတ်သည့် အသက် ၄၇ နှစ် အရွယ် အမျိုးသားတစ်ဦးကို ထိုင်းနိုင်ငံမှ ပြန်လာချိန်တွင် ကော့သောင်းမြို့ရှိ ပဲ့ချိတ်ဆိပ်တွင် ဇန်န၀ါရီလ ၁၂ ရက်က ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ...

ပဲ့ချိတ်သမားများ တရားမ၀င်နေရပ်ပြန်သူ တင်ဆောင်လာက အရေးယူမည်

ကော့သောင်း-ရနောင်း ပြေးဆွဲနေသည့် ပဲ့ချိတ်စက်လှေမောင်းသမားများအနေဖြင့် ထိုင်းဘက်မှ အချုပ်ရက်စေ့ ပြန်လွှတ်လိုက်သည့် မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများထံ သတင်းမပို့ဘဲ အခကြေးငွေယူကာ ကော့သောင်းဘက် သို့ ခေါ်ဆောင်လာပါက အရေးယူမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ဆိုသည်။ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မူကြောင့် ဖမ်းမိထားသည့် အထောက်အထားမဲ့...

တားမြစ်ပိုက်ဖြင့် ငါးခိုးဖမ်းသည့် ငါးဖမ်းလှေများကို ဖမ်းဆီးအရေးယူ

ကော့သောင်းမြို့နယ်၊ ငလုံးလက်ဖယ် ကျွန်းမြောက်ဘက် မြန်မာ့ပင်လယ်ပြင် အတွင်း တားမြစ်ငါးဖမ်းပိုက်ဖြင့် ငါးခိုးဖမ်းသည့် မီးထွန်းငါးဖမ်းလှေတစ်စီးကို ဇန်န၀ါရီ ၁၁ရက်တွင် တပ်မတော်(ရေ)က ဖမ်းဆီးခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ ငလုံးလက်ဖယ်ကျွန်းတွင် ကျောက်ချ ရပ်နားထားသော ယင်းငါးဖမ်းမီးထွန်းလှေအား တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ နိုင်ငံတော်မှ တားမြစ်ထားသည့် တရားမ၀င် (ပါကျေး...

ခေတ်အဆက်ဆက် သိမ်းယူထားသည့် ဒေသပိုင်လူငယ်ရိပ်သာပြန်ပေးရန် မြို့မိမြို့ဖများ တောင်းဆို

ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက် စုပေါင်းရုံးလမ်းတွင်ရှိသည့် ခေတ်အဆက်ဆက် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ သိမ်းယူထားသည့် ဒေသပိုင်လူငယ်ရိပ်သာပြန်ပေးရန် ကော့သောင်းမြို့မိမြို့ဖ များက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တောင်းဆိုလိုက်ကြောင်း ယခင်လူငယ်ရိပ်သာဖြစ်မြောက်ရေးကော်မတီ ယခု မြို့မိမြို့ဖများက ဆိုသည်။ နွေရာသီတွင် ဘင်ခရာသင်တန်းများ သင်ကြားနိုင်ရေး၊ ဘင်ခရာပစ္စည်းများ ထိန်းသိမ်းမည့် အဆောက်အအုံအဖြစ် လိုအပ်လျက်ရှိသည့်အပြင် လူငယ်လူရွယ် အမျိုးသမီး...

ကော့သောင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ လက်လုပ်သေနတ် နှစ်လက် ဖမ်းဆီးရမိ

ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စု၊ ၁၄ မိုင်ကျေးရွာရှိ ရော်ဘာ ခြံတစ်ခြံအတွင်း ဇန်န၀ါရီလ ၈ ရက် ညနေ ၆ နာရီခွဲခန့်က လက်လုပ်သေနတ် (ပြောင်းရှည်) ၂ လက်နှင့် WY စိတ်ကြွဆေးများ ဖမ်းဆီးရမိကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ ၁၄ မိုင်ကျေးရွာ...