ကော့သောင်း ဧရာဝတီဘဏ်ရှေ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကိစ္စ အပြန်အလှန် အမှုဖွင့်

ကော့သောင်းမြို့ ဧရာဝတီဘဏ်ရှေ့တွင်မြို့ခံ လူငယ်တစ်ဦးအား အဏ္ဏ၀ါရပ် ကွက်အုပ်ချုပ်ရေးမှူး၊ ဒုရဲအုပ်နှင့် မီးသတ် တပ်ဖွဲ့ တစ်ဦးတို့က ကိုယ်ထိလက်ရောက် ကျူးလွန်သည့်ကိစ္စနှင့် ပတ်သက်ပြီး အပြန်အလှန် အမှုဖွင့်ထားကြောင်း သိရသည်။ ဒီဇင်ဘာ ၂ ရက် ည ၁၂ နာရီခန့်က အပေါင်းအသင်း ၆ ဦးနှင့် ဧရာဝတီဘဏ်ရှိ...

မုန်တိုင်း အန္တရာယ်ကြောင့် ငါးဖမ်းရေယာဉ်များ ပင်လယ်မထွက်ရန် ရက်အကန့်အသတ်မရှိ တားမြစ်

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ပါဘက် (Pabuk)သည် ကော့သောင်းမြို့၏ အရှေ့ တောင်ဘက် မိုင် ၄၁၀ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေသောကြောင့် ငါးဖမ်းစက် လှေများ၊ ခရီးသွား ရေယာဉ်များ အားလုံး ဇန်န၀ါရီ ၄ ရက်မှစ၍ ပင်လယ်ပြင်သို့ ထွက်ခွာခြင်း မပြုကြရန်...

ပထမဆုံးအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပမည်

တနင်္သာရီတိုင်းတွင် ပထမဆုံး အကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပနိုင်ရန် စီစဉ်နေ ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယင်းအားကစားပြိုင်ပွဲကို ထားဝယ်ခရိုင် တက္ကသိုလ်၊ ကောလိပ် လေးကျောင်း၊ မြိတ်ခရိုင် တက္ကသိုလ် သုံးကျောင်း အုပ်စုပတ်...

ကော့သောင်းပင်လယ်ပြင်တွင် မူးယစ်ဆေးဝါ သယ်ဆောင်လာသည့် စက်လှေတစ်စီး ဖမ်းမိ

ကော့သောင်းမြို့နယ် ပင်လယ်ရေ ပြင်အတွင်းရှိ လှိုင်ဂူကျွန်းအနီးတွင် ဒီဇင်ဘာ ၁၆ရက်က ခုတ်မောင်းနေသည့် စက်လှေ တစ်စီးထံမှ WY စိတ်ကြွဆေး ပြားများနှင့် ဘိန်းစာမှုန့်များကို ပင်လယ် ပြင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ရေယာဉ်က ဖမ်းဆီးရမိခဲ့ ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ အဆိုပါစက် လှေဝမ်း ဗိုက်အတွင်းမှ...

ကော့ရဲကြီးကျွန်းအနောက်ဘက် ပင်လယ်သဲစုပ်ယူမှု ဒေသခံ ၈၀၀ ကျော် ကန့်ကွက်စာတင်

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ်၊ နို့ပွားကျေးရွာအုပ်စု ကော့ရဲကြီးကျွန်း အနောက်ဘက် ပင်လယ်ပြင်တွင် သဲစုပ် ယူရန်အတွက် ပုဂ်္ဂလိက ကုမ်္ပဏီတစ်ခု လျှောက်ထားလာမူအပေါ် ကျွန်းအနီး အနား တစ်ဝိုက်တွင်နေထိုင်ကြသည့် ဒေသခံ ရေလုပ်သား ၈၀၀ကျော်က စုပေါင်းလက် မှတ်များရေးထိုးကာ ကန့်ကွက်လိုက် သည်။ ကော့ရဲကြီးကျေးရွာမှ  ဒေသခံ ၃၆၈...

ပင်လယ်ပြင်ထွက်မည့် ရေလုပ်သားများ လူကုန်ကူး မခံရရေး အသိပညာပေး ဟောပြော

ကော့သောင်းခရိုင်းအတွင်းရှိ ပင်လယ် ပြင်ထွက်မည့် ကမ်းဝေးရေလုပ်သားများ လူကုန်ကူးမူမခံရအောင် အသိပညာပေး ဟောပြောခြင်းကို ဒီဇင်ဘာ ၂၃ရက်က ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနနှင့် လူကုန်ကူးမူ တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်း ကာ ရွှေဝက်ဝံတံတားတွင် ပြုလုပ်ခဲ့ကြသည်။ ရေလုပ်သားများ၊ ပဲ့နင်းကြီးများ၊ ကုမ္မဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လူကုန်ကူးမှု မဖြစ်ပွားရေးနှင့်...

သုံးခရိုင် ကြက်တောင်ရိုက်ပြိုင်ပွဲ ကော့သောင်းတွင် ကျင်းပမည်

အသက် ၂၅ နှစ်အောက် သုံးခရိုင် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက် ပြိုင်ပွဲကို ကော့သောင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း တနင်္သာရိတိုင်း အားကစားနှင့်  ကာယပညာဦးစီးဌာနထံမှ သိရသည်။ ယင်းပြိုင်ပွဲ ကို ဇန်န၀ါရီလ ၁ ရက် မှ ၄ ရက်အထိ ကော့သောင်းမြို့ရှိ ကြက်...

ကော့သောင်းနယ်စပ်မှ ထိုင်းသို့ ပြန်ဝင်လမ်းကြောင်းများ ပိတ်ဆို့စစ်ဆေး

မြန်မာ-ထိုင်းနယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြန်မာပြည်တောင်ပိုင်း ကော့ သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ဝင် ရောက်နေသည့် နယ်စပ်ထွက်ပေါက်များရှိရာ လမ်းကြောင်းတစ်လျှောက်ကို ပိတ် ဆို့ ရှာဖွေစစ်ဆေးမူများ ပြုလုပ်လျက်ရှိကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများ နယ်စပ်ထွက်ပေါက်များရှိရာ ခမောက်ကြီးမြို့ နယ်အပိုင် ဒေသအခေါ် ရှမ်းကိုးရွာများဘက်သွားသည့် လမ်းကြောင်းများ၏ အဝင်လမ်းများကို အဓိကထားကာ စောင့်ကြည့်ပြီး ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ် နေခြင်းဖြစ်ကြောင်း ကော့သောင်း...

စည်ပင် ရေမီတာခ ဒီဇင်ဘာလကုန် စတင်ကောက်ခံမည်

စည်ပင်သာယာမှ ပေးဝေနေသည့်ရေမီတာခကို ဒီဇင်ဘာလကုန် စတင်စေတင်ကောက်ခံတော့မည်ဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။ယင်းဝါရေလှောင်ကန်မှ သန့်စင်ပြီးသည့် ရေများကို အများပြည်သူအားဖြန့်ဝေပေးလျက်ပြီး စမ်းသပ်ကာလတွင်း အခကြေးငွေ မကောက်ခံခဲ့သော်လည်းဒီဇင်ဘာလကုန်မှစ၍ ကျသင့်ယူနစ်ခ အား ကောက်ခံတော့မည်ဖြစ်ကြောင်းအထက်ပါအဖွဲ့မှ သိရသည်။ "အရင်က ပြင်ဆင်တပ်ဆင် စမ်းသပ်ကာလမှာ ရေလွှတ်ပေးထားတာ ရှိတယ်၊ အဲဒီအတွက်တော့ မကောက်ဘူး၊ရေပေးဝေရေးအဖွဲ့က နောက်ဆုံးရှိနေတဲ့ရေမီတာ လာမှတ်ပြီး နောက်ပိုင်းယူနစ်တွေက စကောက်တော့မယ်၊ ပေးမှာကတော့...

ကော့သောင်း-ရနောင်း ချစ်ကြည်ရေး စက်ဘီးစီးမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး စက်ဘီးစီး ပွဲတော်ကို ဒီဇင်ဘာ ၂၃ရက် တွင် ကော့သောင်းမြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စက်ဘီး အသင်းထံမှ သိရသည်။ ယင်းပွဲတော်တွင် ထိုင်းနိုင်ငံမှ စက် ဘီးစီး အားကစားသမားများနှင့်အတူ မြိတ်၊ ကော့သောင်းမှ စက်ဘီးစီး အားက စားသမားများ...