သုံးခရိုင် ကြက်တောင်ရိုက်ပြိုင်ပွဲ ကော့သောင်းတွင် ကျင်းပမည်

0
466

အသက် ၂၅ နှစ်အောက် သုံးခရိုင် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက် ပြိုင်ပွဲကို ကော့သောင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း တနင်္သာရိတိုင်း အားကစားနှင့်  ကာယပညာဦးစီးဌာနထံမှ သိရသည်။

ယင်းပြိုင်ပွဲ ကို ဇန်န၀ါရီလ ၁ ရက် မှ ၄ ရက်အထိ ကော့သောင်းမြို့ရှိ ကြက် တောင်ရိုက်အားကစားခန်းမတွင် ကျင်းပမည် ဖြစ်သည်။

တနင်္သာရီတိုင်းတွင် ခရိုင်အဆင့် အားကစားပွဲများကို ခရိုင်သုံးခု၌ အလှည့် ကျစနစ်ဖြင့် ကျင်းပလျက်ရှိခြင်းကြောင့် ကြက်တောင်ရိုက်ပြိုင်ပွဲကို ကော့သောင်း မြို့တွင် ကျင်းပခြင်းဖြစ်ကြောင်း တိုင်းအား/ ကာ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြော သည်။

၂၀၁၉ ခုနှစ်တွင် ကျင်းပရန်ရှိသည့် တိုင်းနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ၀င်မည့် တနင်္သာရီတိုင်းလက်ရွေးစင်များ ကို အဆိုပါပြိုင်ပွဲတွင် ရွေးချယ်မည်ဖြစ် ကြောင်း ၎င်းင်းက ဆိုသည်။

တနင်္သာရီအသင်းသည် ၂၀၁၁ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်း အမျိုးသားသင်းမှ တတိယဆု လေးကြိမ်ရရှိထားပြီး အမျိုးသမီး အသင်းမှ ၂ ကြိမ်ရရှိထားကြောင်း တိုင်း အား/ကာထံမှ သိရသည်။

၎င်းင်းအပြင် ၂၀၁၄ ခုနှစ်တွင် အမျိုး အသင်းက ဒုတိယဆုရရှိဖူးပြီး ယင်းရှစ်နှစ် အတွင်း ပထမဆု မရဖူးသေးကြောင်း ယင်း ဌာနထံမှ သိရသည်။

 

                                                                                                  ကျော်သူစိုး