စည်ပင် ရေမီတာခ ဒီဇင်ဘာလကုန် စတင်ကောက်ခံမည်

0
444

စည်ပင်သာယာမှ ပေးဝေနေသည့်ရေမီတာခကို ဒီဇင်ဘာလကုန် စတင်စေတင်ကောက်ခံတော့မည်ဖြစ်ကြောင်း အဆိုပါ
ဌာနမှ သိရသည်။ယင်းဝါရေလှောင်ကန်မှ သန့်စင်ပြီးသည့် ရေများကို အများပြည်သူအားဖြန့်ဝေပေးလျက်ပြီး စမ်းသပ်ကာလတွင်း
အခကြေးငွေ မကောက်ခံခဲ့သော်လည်းဒီဇင်ဘာလကုန်မှစ၍ ကျသင့်ယူနစ်ခ
အား ကောက်ခံတော့မည်ဖြစ်ကြောင်းအထက်ပါအဖွဲ့မှ သိရသည်။

“အရင်က ပြင်ဆင်တပ်ဆင် စမ်းသပ်ကာလမှာ ရေလွှတ်ပေးထားတာ
ရှိတယ်၊ အဲဒီအတွက်တော့ မကောက်ဘူး၊ရေပေးဝေရေးအဖွဲ့က နောက်ဆုံးရှိနေတဲ့ရေမီတာ လာမှတ်ပြီး နောက်ပိုင်းယူနစ်တွေက စကောက်တော့မယ်၊ ပေးမှာကတော့ အောင်သုခရပ်ကွက်ကို ပထမစတင်ပေးဝေမှာပါ”ဟု ကော့သောင်းမြို့
နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။

လက်ရှိအောင် သုခရပ်ကွက်တွင်  ရေပေးဝေရေးထံမှ  ရောင်း ချသည့်
ရေမီတာများ သုံးစွဲလျက်ရှိနေပြီး တစ်ယူနစ်ကျပ် ၂၅၀၀ ကျသင့်နေကြောင်း အောင်
သုခရပ်ကွက်နေထိုင်သူများထံမှ သိရသည်။”စည်ပင်ပေးတဲ့ ရေက ယင်းဝါကန်က ဆိုပေမဲ့ သန့်ပါတယ်၊ ပုံမှန်တော့မလာသေးဘူး၊ ပုံမှန်ပေးနိုင်ရင်တော့ကောင်းမယ်၊ ခုအိမ်မှာ စမ်းသုံးပြီးပြီ”ဟု အောင်သုခရပ်ကွက် ချမ်းမြေ့သာလမ်း
မှ ဒေါ်မြဝင်းက ပြောသည်။

ရေတစ်ယူနစ် ကျပ် ၁၅၀၀ ဖြင့်နံနက် ၇ နာရီမှ ၁၁ နာရီအတွင်း နေ့စဉ်
ရေပေးဝေသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။ရပ်ကွက် ၄ ခုတွင် ရေမီတာလာလျှောက်ထား၍ တပ်ဆင်ပြီးသည့် အရေအတွက်မှာ အောင်သုခရပ်ကွက် ၅၇ ဦး၊အေးရိပ်ငြိမ်ရပ်ကွက် ၉ ဦးရှိနေပြီး
အဏ္ဏဝါရပ်ကွက်နှင့် ဘုရင့်နောင်ရပ်ကွက်များမှ လျှောက်ထားသူ မရှိသေးကြောင်း သိရသည်။