ကော့သောင်း ဧရာဝတီဘဏ်ရှေ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကိစ္စ အပြန်အလှန် အမှုဖွင့်

0
652

ကော့သောင်းမြို့ ဧရာဝတီဘဏ်ရှေ့တွင်မြို့ခံ လူငယ်တစ်ဦးအား အဏ္ဏ၀ါရပ် ကွက်အုပ်ချုပ်ရေးမှူး၊ ဒုရဲအုပ်နှင့် မီးသတ် တပ်ဖွဲ့ တစ်ဦးတို့က ကိုယ်ထိလက်ရောက် ကျူးလွန်သည့်ကိစ္စနှင့် ပတ်သက်ပြီး အပြန်အလှန် အမှုဖွင့်ထားကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက် ည ၁၂ နာရီခန့်က အပေါင်းအသင်း ၆ ဦးနှင့် ဧရာဝတီဘဏ်ရှိ  ATM စက်တွင် ငွေထုတ်ယူရန်စောင့်နေသည့် ကိုကျော်စွာဝင်းအား ဒုရဲအုပ်၊ မီးသတ် တပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သည် ဆိုပြီး တိုင်ကြားထားသည့် အမှုဖြစ်သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဒုရဲအုပ်နှင့် မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးတို့အား ဒီဇင်ဘာလ ၂၁ ရက်က ရာဇသတ်ကြီးပုဒ်မ ၃၂၃ (ထိခိုက် နာကျင်စေမှု)ဖြင့် ကော့သောင်းမြို့နယ် တရားရုံးတွင် အမှုဖွင့်လိုက်ကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းထံမှ သိရ သည်။

တရားစွဲခံရသည့် အဏ္ဏ၀ါရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း ကိုကျော်စွာဝင်းအား ရာဇသတ်ကြီး ပုဒ်မ ၁၈၆ (ပြည်သူ့ ၀န်ထမ်းတစ်ဦး၊ ပြည်သူဆိုင်ရာအလုပ်ဝတ်္တရားဆောင်ရွက်နေသည်ကိုဟန့်တား မှု)ဖြင့် ပြန်လည် အမှုဖွင့်ခဲ့သည်။

အဆိုပါ အမှုအတွက် ဇန်န၀ါရီလ ၃ ရက်တွင် ရုံးချိန်းခေါ်ယူခဲ့ပြီး ၂ ဖက် စလုံးကို အာမခံပေးလိုက်ပြီး ဇန်န၀ါရီလ ၁၇ ရက်ကို ထပ်မံ ချိန်းဆိုခဲ့သည်။

အဆိုပါ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ဗွီဒီယိုရုပ်သံဖိုင်မှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ဒေသခံများလတ်တလော စိတ်ဝင်စားလျက်ရှိသည်။

                နိုင်သစ်