ရှမ်းကိုးရွာတွင် တစ်ရက်အတွင်း မူးယစ်ဆေးရောင်းချသူ ၂ ဦး နှင့် လက်နက်ဆောင်ထားသူ တစ်ဦး ဖမ်းမိ

0
603

ခမောက်ကြီးမြို့နယ်အပိုင် ဒေသ အခေါ်ရှမ်းကိုးရွာ ထိုင်းမြန်မာနယ်စပ် ဖော့သုတ်ကျေးရွာတွင် ဇန်န၀ါရီ ၂၄ ရက်က မူးယစ်ဆေးဝါ ဖြန့်ဖြူးရောင်းချနေသူ ၃ဦးကို ဖမ်းဆီးခဲ့သည်ဟု ကော့သောင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖော့သုတ်ကျေးရွာနေ အသက် ၃၀နှစ် အရွယ် အထောက်အထားမဲ့ တရားမ၀င် လာရောက်နေထိုင်သည့် ထိုင်းလူမျိုး အမျိုးသားထံမှ WY စိတ်ကြွဆေးပြား ၁၁၀ပြား ICE ၅၅ ဂရမ်ကို ဖမ်းဆီးရမိ ခဲ့သည်။

ထို့အပြင် မူးယစ်ဆေးဝါးရောင်းချ သည်ဟူသည့် သတင်းအရ  အသက် ၃၅နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား ၏ နေအိမ်တွင် ၀င်ရောက်ရှာဖွေရာ မူးယစ် ဆေးနှင့် ပတ်သက်သည့် ပစ္စည်းမတွေ့ရ ဘဲ အထက်ပါ အမျိုးသားအိပ်သည့် အိပ်ရာ အောက်မှ ချက်နိုင်ငံထုတ် ကျည်အိမ်မပါ သည့် ပွိုင့် ၂၂ သေနတ်တစ်လက်နှင့် ပွိုင့် ၂၂ ကျည်ဆံ ၁၆ တောင့်ကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းနေ့တွင်ပင် နောက်အမျိုးသား တစ်ဦးထံမှ WY စိတ်ကြွဆေးပြား ၉၀၀ပြား တို့ကိုနေအိမ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းင်း မှာ ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း ခရိုင် ရဲမှူးမျိုးထွန်းဦးက ဆိုသည်။

ယခုကဲ့သို့ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းမိထားသည့် ထိုင်းအမျိုးသားကို မူးယစ်ဆေးပုဒ်မ အပြင် လ.၀.က ဥပဒေ အရလည်း အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ၎င်းင်းက ဆိုသည်။

လက်နက်မိသည့်အမျိုးသားနှင့် ထွက်ပြေးတိမ်းရှောင်နေသူကိုလည်း အမှုဖွင့် အရေးယူထားသည်ဟု ကော့သောင်း ခရိုင်ရဲ တပ်ဖွဲ့ထံမှ သိရသည်။

မိုးအိ