ကော့သောင်းမြို့နယ်၊ ဆယ်မိုင် ကျေးရွာအုပ်စု ပါဆယ် ပါညမ်းကျေးရွာ နှစ်ရှည်ဆီအုန်းခြံအတွင်း ဖေဖော်ဝါရီ ၅ရက်က တောကြက်ထောင်နေသည့် အမျိုးသားတစ်ဦး တူးမီသေနတ်မှန် သေဆုံး ခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။
ညီအစ်ကိုနှစ်ဦး တောကြက်ထောင် ဖမ်းနေစဉ် မည်သူပစ်လိုက်မှန်းမသိသည့် တူးမီသေနတ်သည် ညီဖြစ်သူအား ထိမှန်ခဲ့ကြောင်း တောကြက်ထောင်ဖမ်းစဉ် အတူ ရှိနေသည့် အစ်ကိုဖြစ်သူက ဆိုသည်။
တူးမီသေနတ် ဒဏ်ရာကြောင့် ညာဘက်ရင်အုံဖောက်ဝင်ဒဏ်ရာ ၂ ချက် ၊ လက်မောင်းဖောက်ဝင် ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး ဆေးရုံသို့သွားရန် နေအိမ်သို့ပြန်လာစဉ် နေအိမ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေနတ်သံနှစ်ချက်ကြား၍ နောက်ပြန်လှည့်ပြီး သွားကြည့်ရာ သေနတ်ဒဏ်ရာများဖြင့် လဲကျနေတာကိုတွေ့ပြီး မည်သူပစ်လိုက်သည်ကို မသိရကြောင်း အစ်ကိုဖြစ်သူက ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရား ခံဖော်ထုတ်ဖမ်းဆီးနိုင်ရေး၊ တောအတွင်း လိုင်စင်မရှိဘဲ ယမ်းထောင်းသေနတ်ကိုင် ဆောင်သူ၊ တောကောင်ဖမ်းသူများကို စုံစမ်းရှာဖွေလျက်ရှိသည်ဟု ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။
မိုးအိ