ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းလာမည်

0
1081

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၄ရက်တွင် ကော့သောင်းမြို့သို့  လာရောက်မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးမှ အတည်ပြုပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၃ရက်တွင် မြိတ်မြို့သို့ လာရောက်မည်ဖြစ်ပြီး ယင်းနောက် ကော့သောင်းမြို့သို့ပါ ဆက်လက်လာ ရောက်မည်ဖြစ်ကြောင်း ၎င်းတို့ကအတည်ပြု ပြောကြားသည်။
“ရေလမ်းကနေ လာမှာလား၊ လေယာဉ်နဲ့လာမှာလား၊ ဘယ်လမ်းကြောင်း ကနေလာမယ်ဆိုတာ မသိရသေးပါဘူး၊ လာမယ်ဆို တာကိုတော့ အတည်ပြုလို့ ရတယ်”ဟု ကော့သောင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များရုံး တာဝန်ခံ ဦးသက်နိုင်က ဆိုသည်။

ခရီးစဉ် အသေးစိတ်ကိုမူ ဖေဖော်ဝါရီ ၁၀ ရက် တိုင်းအစိုးရအစည်းအဝေးလုပ်ပြီးမှ သိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒုသမ္မတတွေလို လူထုတွေ့ဆုံပွဲ မလုပ်ဘဲ ကျွန်းကြည့်ပြန်သွားမှာ စိုးရိမ်တယ်၊ လူထုနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ပြည်သူတွေ မျှော်လင့်နေတယ်”ဟု ပိတောက် ရွှေဝါရပ်ကွက်နေ ဦးစိုးတင့်က ဆိုသည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရအသစ်တက်ပြီး တနင်္သာရီတိုင်းသို့ ပထမဆုံးခရီးစဉ် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းသို့ နောက်ဆုံးလာခဲ့သည်မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာက ဖြစ်သည်။

 

မိုးအိ