အင်ဒိုနီးရှား ငါးခိုးဖမ်းသင်္ဘော ဖမ်းမိ

0
660

ကော့သောင်းခရိုင်အတွင်းရှိ သံကျွန်းအနောက်ဘက် မြန်မာ့ရေပိုင်နက်အတွင်း ဖေဖော်ဝါရီ ၇ရက်က ကျူးကျော် ငါးဝင်ခိုးဖမ်းသည့် အင်ဒိုနီးရှား ငါးဖမ်း သင်္ဘောတစ်စီးကို တပ်မတော်(ရေ)မှ ဖမ်းဆီးလိုက်ကြောင်း ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
တပ်မတော်ရေယာဉ်သည် တိုက်ကင်း လှည့်လည်နေစဉ် အင်္ဂလိပ်စာတန်းပါ အလျား ၆၂ပေ ၊ အနံ ၁၈ပေ ၊ ရေစူး ၇ပေ ခန့်ရှိ ဖိုင်ဘာလောင်းထားသည့် သစ်သားကိုယ်ထည် ၀ိုင်းချုပ်ငါးဖမ်းသင်္ဘောအား တွေ့ရှိရသဖြင့် သွားရောက် စစ်ဆေးရာ တရားမ၀င်ငါးဝင်ခိုးဖမ်းသည့် စက်လှေတစ်စီး ဖြစ်နေသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာန တာဝန်ရှိသူက ဆိုသည်။
လှေပေါ်ပါ အင်ဒိုနီးရှား နိုင်ငံသား ပဲ့နှင်းအပါအ၀င် လှေလုပ်သား ၂၃ဦး စလုံးကို ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

မိုးအိ