ကော့သောင်း၊ ဝိုင်ဒင်းရွာတွင်တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်မှုရှိ

ကော့သောင်းခရိုင်၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့ကြောင်း ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁)က ယနေ့(ဖေဖော်ဝါရီ ၂၃)ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီအင်အား ၁၇၀ ခန့်ဖြင့် ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး...

ဘုတ်ပြင်း ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အနီး ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်က ကားတစ်စီး မိုင်းဆွဲခံရကြောင်း ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအနီးတွင် ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်က မိုင်းဆွဲခံရခြင်းဖြစ်ကြောင်းဒေသခံများက...

ကော့သောင်းတွင် ကုန်တင်လှေတစ်စီးမီးလောင်၊ လှေသားသုံးဦး ဒဏ်ရာရ

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရွှေဝက်ဝံတံတားတွင် ဆိုက်ကပ်ထားသည့် ကုန်တင်လှေတစ်စီး ယနေ့ နံနက်က မီးလောင်ပြီး လှေသားသုံးဦးဒဏ်ရာရကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးသူတို့မှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၅ နာရီခန့်က လှေပေါ်တွင်...

ကော့သောင်း၊ ဝိုင်ဒင်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မတ်လ ၄ ရက် နံနက် ၈ နာရီခန့်က ဝိုင်ဒင်းရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မိနစ်...

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် ယနေ့စဖွင့်၊ သွားလာသူနည်းပါး

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို နှစ်နိုင်ငံစလုံးက ယနေ့(မတ် ၇)တွင် စတင်ဖွင့်လှစ်လိုက်သော်လည်း သွားလာသူ မရှိ‌သလောက် နည်းပါးနေသေးကြောင်း စုံစမ်းသိရှိရသည်။ နှစ်နိုင်ငံနယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်လိုက်သဖြင့် နိုင်ငံကူးလက်မှတ်ရှိသူများ၊ ထိုင်းနိုင်ငံကထုတ်ပေးသည့် CI စာအုပ် ( မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ရှိသူများပါ နယ်စပ်ဂိတ်မှ တရားဝင်ဖြတ်သန်းသွားလာခွင့်...

ကော့သောင်းတွင် အမျိုးသားတစ်ဦး ပျောက်ဆုံးပြီးသုံးရက်ကြာမှ အလောင်းပြန်တွေ့

ကော့သောင်းမြို့တွင် အမျိုးသားတစ်ဦးပျောက်ဆုံးပြီး သုံးရက်အကြာတွင် ရုပ်အလောင်းအား ပြန်လည်တွေ့ရှိကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးသည့် ပရဟိတအသင်းတစ်သင်းထံမှ သိရသည်။ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲပိုင်းတွင်တွေ့ရှိခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ကော့သောင်း၊ ရှမ်းကိုးရွာအနီး စစ်ကောင်စီကား တိုက်ခိုက်ခံရ

ပစ်ခတ်တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာနေသည့် ကော့သောင်းမြို့နယ်ရှိ ရှမ်းကိုးရွာအနီးတွင် စစ်ကောင်စီကား နှစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။ ခမောက်ကြီးမြို့မှ စစ်ကူလာသည့် အင်အား ၃၀ ပါကား ၂ စီးကို ရှမ်းကိုးရွာတစ်ရွာဖြစ်သည့်...

ကော့သောင်းတွင် စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ကဝင်တိုက်

ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းက ယနေ့ညနေတွင် ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဝိုင်းဒင်းရွာအနီး...

ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်တိုက်ခိုက်မှုတွင် လက်နက်အချို့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ပေါ် တိုက်ခိုက်မှုတွင် လက်နက်အချို့ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းက ယနေ့ မေလ ၄ရက်တွင် ထုတ်ပြန်သည်။ မေလ ၂ ရက်နေ့ နံနက်က ပြည်ကြီးမဏ္ဍိုင်မြို့ရှိ...

ကော့သောင်း-ရနောင်း သွားလာသူ နှစ်ဆကျော်မြင့်တက်

စစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်သော လူငယ်များ စစ်မှုထမ်းရမည့်ဥပဒေကို အသက်သွင်းပြဋ္ဌာန်း လိုက်ပြီးနောက် ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းဘက်သို့ သွားလာသူများ နှစ်ဆကျော်မြင့်တက်လာကြောင်း ကော့သောင်းမြို့ခံများနှင့် ပဲ့ချိတ်လှေသမားများက ပြောသည်။ ၇ရက် ယာယီနယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်လက်မှတ်...