Dawei Watch, Dawei News, Dawei News Media

သရက်ချောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်စိုး ယနေ့နံနက် ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ယင်းကျေးရွာသားအချို့ထံမှ သိရသည်။ နံနက် ၉ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသူ လူခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း...

ငွေအလွဲသုံးသည်ဟုဆိုကာ တိုင်ကြားထားသည့်ကိစ္စ တစ်လကျော်ကြာသည်အထိ မထူးသေး

ထားဝယ်မြို့နယ် ကူးတို့ကျေးရွာ အုပ်ချုပ်ရေးမှူးက မြစိမ်းရောင်ကျေးရွာ ဖွံ့ဖြိုးရေးငွေထုတ်ချေးခြင်းနှင့် အခြား ငွေကြေးများ အလွဲသုံးသည်ဟုဆိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တိုင်ကြား ထားသည့်ကိစ္စမှာ အချိန်တစ်လ ကျော် ကြာသည်အထိ အခြေအနေ မထူးသေး ကြောင်း ဦးဆောင်တိုင်ကြားသူအချို့နှင့် ရွာသားများထံမှ သိရသည်။   ပြီးခဲ့သည့် မတ်လ ၁၃ ရက်က ကူးတို့ရွာမှ...

တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက် ယခုလကုန် ရပ်မည်

တနင်္သာရီတိုင်းအတွင်း ကျန်းမာ ရေးဌာနနှင့် ဝေါလ်ဗီရှင်အဖွဲ့တို့ ပူး ပေါင်း ဆောက်ရွက် နေသည့် တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက် နှစ်ခုကို ယခုလကုန် ရပ်နားမည်ဖြစ် ကြောင်း ဝေါလ်ဗီရှင်(မြန်မာ) တနင်္သာရီ ဇုန်ရုံးထံမှ သိရသည်။ တိုင်းအတွင်း ယင်းစီမံချက် ၂ ခုကို ကမ္ဘာ့ရန်ပုံငွေ...

၀န်ထမ်းအိမ်ရာလိုအပ်ချက် စစ်တမ်းကောက်မည်

တနင်္သာရီတိုင်းအတွင်း ဝန်ထမ်းအိမ်ရာ လိုအပ်ချက် စစ်တမ်းကောက်မည်ဖြစ်ကြောင်း တိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းရှိ လက်ရှိဝန်ထမ်း အိမ်ရာအခန်းပေါင်း ၈၁၄ ခန်းရှိပြီး ယင်းပမာဏသည် တိုင်းပြင်ပမှ လာရောက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက်ပင် လောက်ငမှု...

ပဲ့စင်ကျွန်းကိစ္စ လျှို့ဝှက်စရာကိစ္စမဟုတ်ဟု တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ပြော

ပဲ့စင်ကျွန်းလျှောက်ထားမှုနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ကပေးခဲ့သည့် သဘောထားမှတ်ချက်မှာ လျှို့ဝှက်စရာကိစ္စမဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောကြားသည်။ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စအတွက် ကျိုးပေါက်စေမည့်ကိစ္စမှလွဲ၍ ပြည်သူများသိသင့်သိထိုက်သည့် အခြားကိစ္စမှန်သမျှကို လျှို့ဝှက်စရာအကြောင်းမရှိကြောင်း ၎င်းက ဆိုသည်။

အဝေးသင် ပထမနှစ်များအတွက် စာစဉ်တင်ရမည့်အချိန် ဆယ်ရက်ကျော် ထပ်တိုး

တနင်္သာရီတိုင်းအပါအဝင် တစ်နိုင် ငံလုံးရှိ အဝေးသင်ပထမနှစ် ကျောင်း သား၊ ကျောင်းသူများ ဒုတိယနှစ်ဝက် စာစဉ် (Assignment)   တင်သွင်းရမည့် အချိန်ကို ၁၇ ရက် ထပ်တိုးပေးထား ကြောင်း အောက်မြန်မာပြည် အဝေးသင် တက္ကသိုလ် ထားဝယ်ဌာနခွဲထံမှ သိရသည်။ ယခင်က ဘာသာရပ် အသီးသီးမှ...

ဝယ်လိုသူနည်းသည့် ပင်လုံအိမ်ရာ တိုက်ခန်းများ ဈေးလျှော့

ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် စုပေါင်းရုံးအနီးရှိ ပင်လုံအိမ်ရာတိုက် ခန်းများ ဝယ်ယူရန် ဆန္ဒပြုသူ နည်းနေ သည့်အတွက် ဈေးနှုန်းလျှော့ချထား ကြောင်း တိုင်းဒေသကြီးမြို့ပြနှင့်အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။ တိုက်ခန်း တန်ဖိုးများကို အများ ဆုံး ငွေကျပ်သိန်း ၄၀ မှ အနည်းဆုံး ၁၅သိန်းအထိ ဈေးလျှော့ထားပြီး ဝယ်ယူ...

ဖမ်းထားသည့် သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာသားကို သတ်လိုက်ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်

သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာသား ဦးတင်လတ်မှာ သတင်းပေးဒလန်ဖြစ်၍ သတ်လိုက်ပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၆) ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ဦးတင်လတ်ကို စစ်ကောင်စီ၊ ပျူစောထီးတို့နှင့် ပူးပေါင်း ဆက်သွယ်သည်ဆိုသော စွပ်စွဲချက်ဖြင့် သရက်ချောင်းမြို့နယ်အခြေစိုက်...

လာမည့်နှစ် ဘဏ္ဍာနှစ် စတင် ပြောင်းလဲသတ်မှတ်မည်

လာမည့်နှစ်မှစတင်ကာအစိုးရကကျင့်သုံးသောဘဏ္ဍာရေးနှစ်ကာလအပိုင်းအခြားပြောင်းလဲသတ်မှတ်တော့မည်ဖြစ်ကြောင်းတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှသိရသည်။လက်ရှိတွင်ဧပြီလ၁ရက်နေ့မှမတ်လကုန်အထိကိုဘဏ္ဍာနှစ်အဖြစ်သတ်မှတ်ထားသည်။နောင်လာမည့်ဘဏ္ဍာနှစ်ကိုအောက်တိုဘာလမှစက်တင်ဘာလအထိသတ်မှတ်တော့မည်ဖြစ်ကြောင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးကဆိုသည်။ယင်းကဲ့သို့ဘဏ္ဍာရေးနှစ်အချိန်ကိုပြောင်းလဲသတ်မှတ်နိုင်ရန်ယခုနှစ်တွင်ဧပြီလ၁ရက်နေ့မှစက်တင်ဘာလကုန်အထိအချိန်၆လကိုကြားကာလဘဏ္ဍာရေးနှစ်အဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်းတိုင်းအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးဦးသိန်းအောင်ကပြောသည်။ "ဒီကာလမှာမဖြစ်မနေလုပ်ရမယ့်လုပ်ငန်းကလွဲလို့ငွေလုံးငွေရင်းနဲ့အဆောက်အအုံကြီးတွေကိုခွင့်မပြုတော့ဘူး"ဟုဦးသိန်းအောင်ကဆိုသည်။ယင်းကာလကုန်ဆုံးပါကဘဏ္ဍာရေးနှစ်အချိန်ကိုပုံမှန်အတိုင်း၁၂လသတ်မှတ်သွားမည်ပြီးအောက်တိုဘာလမှစက်တင်ဘာလအထိပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်းသိရသည်။ယင်းကဲ့သို့ဘတ်ဂျက်နှစ်၏အချိန်ကိုပြောင်းလဲသတ်မှတ်လိုက်သည့်အတွက်ပွင့်လင်းရာသီအတွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက်အချိန်ပိုရကာအရှိန်အဟုန်ဖြင့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမောင်မောင်ဇင်ကဆိုသည်။ "ဖွံဖြိုးရေးလုပ်ငန်းတွေမှာအကျိုးသက်ရောက်မှုရှိသွားမှာပေါ့"ဦးမောင်မောင်ဇင်ကပြောသည်။ဘဏ္ဍာရေးနှစ်အချိန်ကိုပြောင်းနိုင်ရန်ကြားကာလအတွင်းအချိန်၆လရှိဘဏ္ဍာရေးနှစ်တစ်ခုသတ်မှတ်သွားမည်ဖြစ်သည်။အစိုးရသစ်လက်ထက်တွင်ဘဏ္ဍာရေးနှစ်ကာလအပိုင်းအခြားသတ်မှတ်ပုံကိုပြည်ထောင်စုအစိုးရအဖွဲ့ကပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ထားဝယ် အထက (၁) တွင် ကျောင်းသားသုံးဦးနှင့် ဆရာမနှစ်ဦး ကိုဗစ်တွေ့သော်လည်း ကျောင်းဆက်ဖွင့်ထား

ထားဝယ်မြို့ အထက (၁) ကျောင်းတွင် မူလတန်းကျောင်းသားသုံးဦးနှင့် ဆရာမနှစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိ သော်လည်း ကျောင်းဆက်ဖွင့်ထားဆဲဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ထားဝယ်မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ စက်တင်ဘာလ ၁၉ ရက်က Grade-4 ကျောင်းသားတစ်ဦး နေမကောင်းဖြစ်သဖြင့်...