လောင်းလုံးတွင် အိမ်ထောင်စု ၈၀ ရာခိုင်နှုန်းကျော်က မီးမိုချောင်အတွက် ထင်းနှင့်သစ်သားသုံး

လောင်းလုံးမြို့နယ်တွင် အိမ် ထောင်စု ရှစ်ဆယ်ရာခိုင်နှုန်းကျော်က အစားအစာ ချက်ပြုတ်ရာတွင် ထင်းနှင့် သစ်သားကို အသုံးပြုကြကြောင်း ၂၀၁၄ ခုနစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင် စာရင်းအရ သိရသည်။ လောင်းလုံးမြို့နယ်တွင် အိမ် ထောင်စုပေါင်း နှစ်သောင်းခွဲကျော် (၂၅၇၃၅ စု)တွင် အိမ်ထောင်စု ၂၁၀၀၀ က...

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း လူ ၈ဝနီးပါး ကိုဗစ်ပိုးတွေ့

တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ရှစ်ဆယ်နီးပါးရှိလာကြောင်း တိုင်းဒေသကြီးကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ တိုင်းကျန်းမာရေး၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီလ ၄ ရက်မှ ၁၀ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း ကိုဗစ်လူနာ ၇၆ ဦးအထိ ရှိနေခြင်းဖြစ်သည်။

ထားဝယ်တက္ကသိုလ် ကျောင်းဖွင့်ပထမရက် ကျောင်းတက်သူမရှိ

ထားဝယ်တက္ကသိုလ်၌ ပထမဆုံး ကျောင်းဖွင့်ရက်တွင် ကျောင်းတက်သူမရှိကြောင်း တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့မှစပြီး တက္ကသိုလ်အားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်ကြောင်း ကြေညာခဲ့သော်လည်း အထူးပြုဘာသာရပ်အချို့ကိုသာ သင်ကြားနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

လောင်းလုံး ပိန္နဲတောရွာတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ပိန္နဲတောရွာ၌ ယနေ့ (ဇူလိုင် ၁၆) နံနက် ၆ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်...

တနင်္သာရီတိုင်း နယ်စပ်ကုန်သွယ်ရေး ဒေါ်လာသန်း‌ ခြောက်ရာကျော် ကျ

တနင်္သာရီတိုင်း နယ်စပ်ဂိတ်များ၏ ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ‌ကျော် ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနစာရင်းများအရ သိရသည်။ တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်နေသည့် နယ်စပ်စခန်း ၃ ခုရှိပြီး ထီးခီး၊ မောတောင်နှင့်...

ထားဝယ်တွင် နှာခေါင်းစည်းဈေးနှုန်း ရုတ်တရက်မြင့်တက်

ထားဝယ်မြို့တွင် ယခုအပတ်အတွင်း နှာခေါင်းစည်း Mask ဈေးနှုန်း ရုတ်တရက် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ယခင်က အခုရေ ငါးဆယ်ပါ နှာခေါင်းစည်းတစ်ဘူးလျှင် ကျပ်တစ်ထောင် ဝန်းကျင်သာပေါက်ဈေးရှိရာမှ လက်ရှိတွင် ကျပ်နှစ်ထောင်အထိ မြင့်တက်သွားသည်။

CCTV ပျက်များ ပြင်ရန် ရန်ပုံငွေ မရှိ

တိုင်းအတွင်း မြို့ကြီး ၃ မြို့ရှိ လမ်းဆုံလမ်းခွများနှင့် အခြားနေရာများ တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ(CCTV)များ ပျက်စီးယိုယွင်း နေသော်လည်း ပြင်ဆင်ရန် ဘတ်ဂျက် မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံ သိရသည်။ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း မြို့များတွင် တပ်ဆင်ထားသော CCTV...

ကျွဲဇပ် ယာဉ်တိုက်မှု လျော်ကြေးငွေ ရလိုမှုဖြင့် တရားစွဲ

သရက်ချောင်းမြို့နယ် ကျွဲဇပ် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက် မှုအတွက် အတိုက်ခံရသူမှ လျော်ကြေး ငွေကျပ် သိန်း ၁၅၀ ရလိုမှုဖြင့် ထားဝယ် ခရိုင်တရားရုံးတွင် တရားစွဲဆိုထား ကြောင်း သိရပါသည်။ ထားဝယ်ခရိုင် သရက် ချောင်းမြို့ နယ် ထားဝယ်-မြိတ် ကားလမ်း ကျွဲဇပ်...
Dawei Watch, Dawei News, Dawei News Media

အွန်လိုင်းမှ တရားစီရင်ခြင်း

ကိုဗစ်ကပ်ဘေးသည် တရားရေး မဏ္ဍိုင်သို့လည်း ရိုက်ခတ်ခဲ့သည်။ လူစုလူဝေးဖြစ်ပေါ်မှုနှင့် တစ်ဦးနှင့် တစ်ဦး နီးကပ်စွာ ဆက်ဆံမှုတို့အား ရှောင်လွှဲနိုင်ရန် တရားရုံးများ၏ တရား စီရင်ရေးပုံစံကိုလည်း ပြောင်းလဲပေးခဲ့ရသည်။ တရားလို၊ တရားခံနှင့်...

ထားဝယ် အောင်ဆီဂျင်စက်ရုံ ပြန်လည်ပတ်

ထားဝယ်မြို့ရှိ အောက်ဆီဂျင် စက်ရုံကို ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း အာယုဒါနပါရမီမြောက် ကုသိုလ် ဖြစ်အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးထံမှ သိရသည်။ ယင်းစက်ရုံကို ၂၀၁၈ ခုနှစ် ဧပြီလ တွင် စက်ချို့ယွင်းမှုကြောင့် ရပ်နားထားခဲ့ရာမှ ယခုနှစ် မေလ ၆ ရက်တွင် ပြန်လည်...